Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တ​လေးတွင် ဆိုင်ကယ်နှင့်ဖုန်း လုယက်သူနှစ်ဦးကို Ranger of Mandalayတပ်ဖွဲ့ လိုက်လံဖမ်းဆီး

နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က (၁၁၃)လမ်းဝန်းကျင်၌ ဆိုင်ကယ်မောင်းလာသောမိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက ဆိုင်ကယ်တွန်းကန်ပြီး လုယက်၍ မိန်းကလေးမှာ အနည်းငယ်ပွန်းပဲ့သွားခဲ့ပြီးပိုက်ဆံအိတ်နှင့် ဖုန်းပါသွားခဲ့သည်။

People's Spring
People's Spring

မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ် နှင့် ဖုန်းလုယက်သူနှစ်ဦးကို လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း Ranger of Mandalay ပြည်သူ့တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က (၁၁၃)လမ်းဝန်းကျင်၌ ဆိုင်ကယ်မောင်းလာသောမိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက ဆိုင်ကယ်တွန်းကန်ပြီး လုယက်၍ မိန်းကလေးမှာ အနည်းငယ်ပွန်းပဲ့သွားခဲ့ပြီးပိုက်ဆံအိတ်နှင့် ဖုန်းပါသွားခဲ့သည်။

ထိုဖြစ်စဥ် အနီးရှိနေသောကြောင့် နောက်မှလိုက်ဖမ်းခဲ့ရာ လမ်းသွယ်တစ်ခုအတွင်း ဖမ်းမိပြီး ပိုက်ဆံအိတ်နှင့် ဖုန်းကို လုယက်ခံရသူအမျိုးသမီးထံ ပြန်ပေးနိုင်ခဲ့ကြောင်း Ranger of Mandalayက ဆိုသည်။

လုယက်သူများမှာ အသက် ၂၀ နှင့် ၂၅ ကြားရှိပြီး နယ်မှ ရွှေ့ပြောင်းလာသူများဖြစ်ကာ မြို့သစ် မင်္ဂလာကန်လမ်းနှင့် အမြန်လမ်း မြို့စွန်ရပ်ကွက်တွင် နေထိုင်သူများဖြစ်သည်ဟုလည်း ထိုအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လုယက်သူနှစ်ဦး၏ ဓာတ်ပုံများကို ရိုက်ယူ ထားပြီး နောက်တစ်ကြိမ် ကျူးလွန်ပါက အသက်အာမ မခံနိုင်ဟု သတိပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် လုယက်မှုများ ပြားနေသဖြင့် လူရှင်းသည့် လမ်းသွယ်များကို ရှောင်ကြဥ်ရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။