Connect with us

Hi, what are you looking for?

LuduNwayOo

News

သထုံမြို့တွင်​​ ယ​နေ့ညပေါက်ကွဲမှု​နှင့်ပစ်ခတ်မှုများဖြစ်ပွား

ည ၈ နာရီ​ကျော်တွင်မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးသော်လည်း သထုံမြို့ပေါ် နေရာလေးခုတွင် နာရီပိုင်းအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်၊ သထုံမြို့တွင် ယနေ့(နိုဝင်ဘာလ၂၆ ရက်)ည ရှစ်နာရီနောက်ပိုင်း ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး ညနက်ပိုင်းတွင် မြို့တွင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

ည ၈ နာရီ​ကျော်တွင်မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးသော်လည်း သထုံမြို့ပေါ် နေရာလေးခုတွင် နာရီပိုင်းအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

” ရှစ်နာရီလောက်ကတစ်ကြိမ်စပြီး ပေါက်ကွဲသံကြားရတယ်။ နောက်ထပ် သုံးကြိမ်ကြားရပြန်တယ်။ အခုတော့သေနတ်သံတွေကြားနေရတယ်” ဟု ဒေသခံတစ်ဦးကPeople’s Spring သို့ ည ၁၀ နာရီ​ကျော်တွင်ပြောသည်။

သေနတ်ပစ်ခတ်မှုသည် ရဲတပ်ဖွဲ့က တစ်ဖက်သတ်ပစ်ခတ်နေခြင်းလည်းဖြစ်နိုင်ကြောင်းဒေသခံအချို့ကပြောသည်။