Connect with us

Hi, what are you looking for?

News

ဂမုန်းပွင့်တွင်ဆန္ဒပြပြီး​နောက် စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးနေ

ယင်းဆန္ဒပြမှုကို မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ကျောင်းသားရဲဘော်များက လူထုဒေါ်အမာ (၁၀၆)နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းအနီး စံရိပ်ငြိမ် ဂမုန်းပွင့်ကုန်တိုက်တွင် လူငယ်များဆန္ဒပြပွဲ ပြုလုပ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နေ့လည် ၁ နာရီခန့်က ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ဂမုန်းပွင့်မှာ ဆန္ဒပြပွဲ လုပ်သွားလို့ဆိုပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးနေပါတယ်။ ဂမုန်းပွင့်က ပြန်ထွက်တဲ့ သူတိုင်းကို အိတ်တွေ၊ ဖုန်းတွေ စစ်နေကြတယ်။ အပြင်မှာလည်း ရဲကား သုံးစီးလောက် ရပ်ထားပြီး ပိတ်ထားပါတယ်။ ဆန္ဒပြတဲ့ ကလေးတွေ မမိဘူးလို့တော့ သိရပါတယ် “ဟု ဂမုန်းပွင့်ကုန်တိုက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

ယင်းဆန္ဒပြမှုကို မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ကျောင်းသားရဲဘော်များက လူထုဒေါ်အမာ (၁၀၆)နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကမ္ဘာအေးဘုရားလမ်း မြန်မာပလာဇာတွင် ဆန္ဒပြသည့် လူငယ်များကို လုံခြုံရေးများက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။