Connect with us

Hi, what are you looking for?

News

❑ စစ်​ကောင်စီတပ်က ထန်တလန်မြို့ကိုဘယ်လိုမီးရှို့ခဲ့သလဲ

အာဏာသိမ်းစစ်​ကောင်စီတပ်က ထန်တလန်မြို့ကို နိုဝင်ဘာ ၂၇ ရကအထိ့ ကိုးကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့ရာ ဘုရား​ကျောင်း ​လေး​ကျောင်းနှင့် ​နေအိမ်အ​ဆောက်အအုံ ၃၄၆ လုံး မီး​လောင်ပြာကျခဲ့ပြီဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က အကြိမ်ကြိမ်မီးရှို့နေခြင်းမှာ စစ်ရေးအရ အသာစီးရယူရန်၊ ဘာသာရေးအရ ဖိနှိပ်ရန်နှင့် ချင်းလူမျိုးများ စီးပွားရေး လူမှုရေး နလန်မထူနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သုံးသပ်​ပြောကြားသည်။

“တခြား အကြောင်းအရာဆိုရင်တော့ ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေ လက်ဝါးကပ်တိုင်တွေ သူတို့က ဖျက်ဆီးခဲ့တာ နည်းတာမဟုတ်ဘူး။ ချင်းပြည်နယ်အနှံ့မှာ ဘုရားကျောင်း ၂၂လုံးလောက်ရှိပြီ သူတို့ဖျက်တာ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဘက်မှာရောဆို ၃၀ကျော်ပြီ” ဟု ဆလိုင်းထက်နီက​ People’s Spring သို့ပြောသည်။သို့​​သော် အဆိုပါလုပ်ရပ်များ​နှင့် စစ်​ကြောင်းတိုးချဲ့​နေမှုကြောင့် ချင်းပြည်နယ်တွင် ပိုမိုပြင်းထန်​သောတိုက်ပွဲများသာဖြစ်လာမည်ဖြစ်​ကြောင်း၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။