Connect with us

Hi, what are you looking for?

News

ခက်ခဲကြပ်တည်း​နေချိန်တွင်​ချေး​ငွေလုပ်ငန်းများကအတင်းအဓမ္မ​ငွေမ​ကောက်ရန်ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ​မေတ္တာရပ်ခံ

အကယ်၍ လက်ခံဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်​နေပါက အဆိုပါပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်များအား အာမခံနိုင်မည်မဟုတ်ကြောင်း မြင်းမူမြို့နယ်ရှိ Ghost Team Ranger Myinmu အဖွဲ့က သတိပေးကြေညာသည်။

People's Spring
People's Spring

အလုပ်လက်မဲ့နှင့် ငွေကြေးအခက်အခဲများဖြစ်ပေါ်နေ၍ မြင်းမူမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် ချေးငွေလုပ်ငန်းများ အတင်းအဓမ္မကောက်ခံမှုမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ချေးငွေများကောက်ခံနေကြသော အသင်းအဖွဲ့များ Company များအနေဖြင့် ယခုအချိန်ကာလသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ မတည်ငြိမ်မှုအခြေအနေ အရပ်ရပ်ကြောင့် ပြည်သူများအားလုံး အခက်အခဲရှိနေကြသည့် အချိန်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေများပြန်လည်ပေးဆပ်ရန် ကောက်ခံခြင်း၊ အတိုးအရင်းပေါင်းထားသော ငွေချေးစာချုပ်များတွင် လက်မှတ်ထိုးရန် အတင်းအကျပ် တိုက်တွန်းနေခြင်းများအား ယခုအချိန်တွင် ခေတ္တဆိုင်းငံ့ပေးပါရန် မေတ္တာရပ်ခံကြောင်းမြင်းမူမြို့နယ်ရှိ Ghost Team Ranger Myinmu အဖွဲ့က ယနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)တွင် ထုတ်ပြန်သည်။

အကယ်၍ လက်ခံဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်​နေပါက အဆိုပါပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်များအား အာမခံနိုင်မည်မဟုတ်ကြောင်း မြင်းမူမြို့နယ်ရှိ Ghost Team Ranger Myinmu အဖွဲ့က သတိပေးကြေညာသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အသေးစားချေးငွေလုပ်ငန်းများမှ ပြည်သူလူထုသို့ ချေးပေးထားသော ချေးငွေများအား အတင်းအဓမ္မ ပေးဆပ်ခိုင်းနေမှု့များပြုလုပ်လျှက်ရှိရာ တိုင်းပြည်မငြိမ်သက်မှု့များ ဖြစ်ပေါ်နေသောအခုချိန်ခါတွင် ပြည်သူလူထုမှာလည်း အလုပ်လက်မဲ့များဖြစ်ပေါ်နေသောကြောင့် တိုင်းပြည်ပြန်လည် တည်ငြိမ်အေးချမ်းသည်အထိ စောင့်ဆိုင်းပြီးမှ ချေးငွေများကို ပြန်လည်ကောက်ခံရန် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ သတိပေး တောင်းဆိုကြောင်း၊ ယနေ့မှစပြီး ချေးငွေများအား ဆက်လက်၍အတင်းအဓမ္မ ကောက်ခံနေပါက ချေးငွေကောက်ခံလာသော ဝန်ထမ်းများ၏ အသက်အန္တရာယ်အား တာဝန်မယူ အာမ မခံတော့ပါကြောင်း မြင်းခြံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပြင်းထန်စွာသတိပေးလိုက်ကြောင်း MGN Rangerအဖွဲ့ကအသိပေးသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင်မူ ချေးငွေကုမ္ပဏီအချို့မှာ ငွေကောက်ခံမှုရပ်ဆိုင်းထားပြီး အတိုးနူန်းအနည်းငယ်သာသွင်းပေးရန် ဆက်သွယ်ပြောကြားခဲ့ကြောင်း ချေးငွေရယူထားသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

Facebook