Connect with us

Hi, what are you looking for?

LuduNwayOo

News

ခက်ခဲကြပ်တည်း​နေချိန်တွင်​ချေး​ငွေလုပ်ငန်းများကအတင်းအဓမ္မ​ငွေမ​ကောက်ရန်ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ​မေတ္တာရပ်ခံ

အကယ်၍ လက်ခံဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်​နေပါက အဆိုပါပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်များအား အာမခံနိုင်မည်မဟုတ်ကြောင်း မြင်းမူမြို့နယ်ရှိ Ghost Team Ranger Myinmu အဖွဲ့က သတိပေးကြေညာသည်။

People's Spring
People's Spring

အလုပ်လက်မဲ့နှင့် ငွေကြေးအခက်အခဲများဖြစ်ပေါ်နေ၍ မြင်းမူမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် ချေးငွေလုပ်ငန်းများ အတင်းအဓမ္မကောက်ခံမှုမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ချေးငွေများကောက်ခံနေကြသော အသင်းအဖွဲ့များ Company များအနေဖြင့် ယခုအချိန်ကာလသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ မတည်ငြိမ်မှုအခြေအနေ အရပ်ရပ်ကြောင့် ပြည်သူများအားလုံး အခက်အခဲရှိနေကြသည့် အချိန်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေများပြန်လည်ပေးဆပ်ရန် ကောက်ခံခြင်း၊ အတိုးအရင်းပေါင်းထားသော ငွေချေးစာချုပ်များတွင် လက်မှတ်ထိုးရန် အတင်းအကျပ် တိုက်တွန်းနေခြင်းများအား ယခုအချိန်တွင် ခေတ္တဆိုင်းငံ့ပေးပါရန် မေတ္တာရပ်ခံကြောင်းမြင်းမူမြို့နယ်ရှိ Ghost Team Ranger Myinmu အဖွဲ့က ယနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)တွင် ထုတ်ပြန်သည်။

အကယ်၍ လက်ခံဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်​နေပါက အဆိုပါပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်များအား အာမခံနိုင်မည်မဟုတ်ကြောင်း မြင်းမူမြို့နယ်ရှိ Ghost Team Ranger Myinmu အဖွဲ့က သတိပေးကြေညာသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အသေးစားချေးငွေလုပ်ငန်းများမှ ပြည်သူလူထုသို့ ချေးပေးထားသော ချေးငွေများအား အတင်းအဓမ္မ ပေးဆပ်ခိုင်းနေမှု့များပြုလုပ်လျှက်ရှိရာ တိုင်းပြည်မငြိမ်သက်မှု့များ ဖြစ်ပေါ်နေသောအခုချိန်ခါတွင် ပြည်သူလူထုမှာလည်း အလုပ်လက်မဲ့များဖြစ်ပေါ်နေသောကြောင့် တိုင်းပြည်ပြန်လည် တည်ငြိမ်အေးချမ်းသည်အထိ စောင့်ဆိုင်းပြီးမှ ချေးငွေများကို ပြန်လည်ကောက်ခံရန် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ သတိပေး တောင်းဆိုကြောင်း၊ ယနေ့မှစပြီး ချေးငွေများအား ဆက်လက်၍အတင်းအဓမ္မ ကောက်ခံနေပါက ချေးငွေကောက်ခံလာသော ဝန်ထမ်းများ၏ အသက်အန္တရာယ်အား တာဝန်မယူ အာမ မခံတော့ပါကြောင်း မြင်းခြံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပြင်းထန်စွာသတိပေးလိုက်ကြောင်း MGN Rangerအဖွဲ့ကအသိပေးသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင်မူ ချေးငွေကုမ္ပဏီအချို့မှာ ငွေကောက်ခံမှုရပ်ဆိုင်းထားပြီး အတိုးနူန်းအနည်းငယ်သာသွင်းပေးရန် ဆက်သွယ်ပြောကြားခဲ့ကြောင်း ချေးငွေရယူထားသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။