တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ မိုင်း နှင့် ထောင်ချောက် သင်တန်းဆင်းပွဲကို ယမန်နေ့
(နိုဝင်ဘာ ၂၉) က ပြုလုပ်ခဲ့ကြောင်း People’s Defence Force – Tamuတပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။
တမူးPDF တပ်မဟာ(၆၀၂)၊ တပ်ရင်း(၂)၏ အထက်ပါ သင်တန်းဆင်းပွဲကို တမူးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တမူးမြို့ရောက် အကြမ်ဖက်စစ်ကောင်စီတပ်အထိနာအောင် တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရှိသည်။တမူးမြို့၌ ဧပြီလအတွင်း ပထမဆုံး တုန့်ပြန်ရင်ဆိုင်ခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ ၁၄ဦးသေဆုံးသည်အထိ တိုက်ခိုက်ခဲ့ဖူးသည်။
တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်သားများသည် စစ်ဖက်ဆိုင်ရာကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာမည်ဟုလည်း လူထုအား ကတိကဝတ်ပေး ထားသည်။ နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ကမ္ဘာနှင့်အဝန်းတွင် ကျင်းသောအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်သာ ဖဲကြိုးဖြူလှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သည်။

Public Service Announcement


















































