Connect with us

Hi, what are you looking for?

News

မန္တလေး ကျောက်ဝိုင်းပတ်ပတ်လည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအပြည့်ယူထား

ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ ကျောက်ဝိုင်းအတွင်းမှာသာ အရောင်းအဝယ်လုပ်ကြဖို့နဲ့ မပြုလုပ်ပါက သေနတ်နဲ့ပစ်မယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက ကျောက်ဝိုင်းကိုတွေ့ရစဉ်

မန္တလေး မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း နေရာပတ်ပတ်လည်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ယူထားတဲ့အတွက် ကျောက်သမားတွေအရောင်းအဝယ်မပြုလုပ်ကြဘူးလို့ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်း က ကျောက်ဝိုင်းပြင်ပနေရာတွေမှာ စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် အရောင်းအဝယ်မပြုလုပ်ကြတာဖြစ်ပါတယ်။

“အဓိကက အပွင့်သမားတွေပေါ့ သူတို့ရှိနေလို့ပြန်လာလိုက်တာ။ ခဲ အချပ်သမားတွေကတော့ နီးစပ်ရာဆိုင်လေးတွေမှာလုပ်ကြရတယ်။ ပြောရရင် ဒီမနက်ကစပြီး အရောင်းအဝယ်မရှိတော့တဲ့သဘောပေါ့”လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ ကျောက်ဝိုင်းအတွင်းမှာသာ အရောင်းအဝယ်လုပ်ကြဖို့နဲ့ မပြုလုပ်ပါက သေနတ်နဲ့ပစ်မယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်သမားတွေကတော့ ကျောက်ဝိုင်းအတွင်းဝင်ရောက် အရောင်းအဝယ် ပြုလုပ်ရင် အခွန်အခပေးရမှာဖြစ်လို့ ကျောက်ဝိုင်းပြင်ပအနီးနေရာမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

မန္တလေးကျောက်ဝိုင်းမှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲတာတွေရှိသလို ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က ဒဏ်ရာရ၊ သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။