Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတွင် ပြည်သူ ၂၆,၀၀၀ကျော် ထပ်မံ နေရပ်စွန့်ခွာရဟု UNOCHAထုတ်ပြန်

ချင်းပြည်နယ်အတွင်းက ပဋိပက္ခဒဏ်ခံစားရသည့် နေရာများ၌ အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်နေမှုများအတွက် စိုးရိမ်နေကြောင်းလည်း ဖော်ပြထားသည်။

(အကြမ်းဖက်စစ်​​ကောင်စီတပ်၏ ပစ်ခတ်မှုများ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​ရေ​သော ဒီပဲယင်း​ဒေသခံများကို​တွေ့ရစဥ်)

လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၄ခုတွင် လူဦးရေ ၂၆,၀၀၀ကျော် ထပ်မံနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ၍ ယင်းတိုင်းဒေသကြီး၌ တိုက်ပွဲရှောင် ပြည်သူ ၄၁,၀၀၀နီးပါးရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့ ထုတ်ပြန်သည်။

တပ်မတော်(စစ်ကောင်စီတပ်)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာ၍ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် လူသားချင်း စာနာမှုအခြေအနေ ဆက်လက်ဆိုးရွားလျက်ရှိပြီး နိုင်ငံအတွင်း အိုးအိမ် စွန့်ခွာထွက်ပြေးရမှု ထပ်မံတွေ့ရကြောင်း UNOCHAက ထုတ်ပြန်ထားသည်။ သို့ရာတွင် တိုက်ပွဲမဖြစ်ပွားသော်လည်း အဆိုပါ ဒေသများသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း အကြမ်းဖက်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

Public Service Announcement

ချင်းပြည်နယ်ရှိ ယာယီစခန်းများ၌လည်း လူဦးရေ ၂၃,၃၀၀ ခန့် နေထိုင်ကြရဆဲဖြစ်ပြီး မကွေးတိုင်း ဒေသကြီး၌ လူဦးရေ ၁၁,၇၅၀ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း UNOCHAက ထုတ်ပြန်သည်။ စစ်တပ်အာဏာ သိမ်းခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးလာသူပေါင်း ၁၅,၀၀၀ ခန့်ရှိခဲ့သည်ဟုဆိုသည်။ထပ်မံထွက်ပြေးမှုများလည်း ရှိနေကြောင်း UNOCHAက ထုတ်ပြန်သည်။

ထို့အပြင် နိုဝင်ဘာ ၂၈ ရက်က မီးလောင်မှုကြောင့် ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပါအဝင် အနည်းဆုံး အိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စက်တင်ဘာလမှ လက်ရှိအချိန်ထိ ထန်တလန်ရှိ နေအိမ် အဆောက်အအုံ ၃၈၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ မြို့နေလူထုသည် မြို့ကိုစွန့်ခွာပြီး အိန္ဒိယနိုင်ငံနယ်စပ်၌ ယာယီနေထိုင်နေရကြောင်း UNOCHAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်အတွင်းက ပဋိပက္ခဒဏ်ခံစားရသည့် နေရာများ၌ အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်နေမှုများအတွက် စိုးရိမ်နေကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ရခိုင်လက်နက်ကိုင် AA တို့အကြား ယခင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း ချင်းပြည်နယ် ပလက်၀မြို့နယ်ရှိ ယာယီစခန်းများ၌ လူဦးရေ ၆,၃၀၀ ခန့် နေထိုင်ရဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။