ကောလင်းမြို့နယ်ကိုဖြတ်၍ တရားမဝင်သစ်များတင်ဆောင်လာသော ကားလေးစီးကို ကောလင်း PDF က ဖမ်းဆီးခဲ့ပြီး ကားသမားများနှင့် ကားပေါ်ပါလာသူများကို ကြိမ်ဒဏ်အပြစ်ပေး၍ ပြန်လွှတ်ပေးခဲ့သည်။

ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ကောလင်းမြို့နယ်လမ်းပိုင်းတွင် ကျွန်းသစ် ၁၃တန်အပါအဝင် တရားမဝင်သစ်တန် ၃၀ ကျော်နှင့် ဆန်အိတ်များသယ်ဆောင်လာသောကားလေးစီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ငွေဆယ်သိန်းကျော်လည်းပါရှိခဲ့ပြိးငွေနှင့်ဆန်များအား ရိက္ခာအဖြစ်အဖြစ်သိမ်းဆည်းကာ ကျန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကောလင်း PDF က ယနေ့
(ဒီဇင်ဘာ ၁ရက်)သတင်းထုတ်ပြန်ထားသည်။တရားမဝင်စီးပွားရှာသူများအား ထိရောက်စွာ အရေးယူသွားမည်ဟုလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ကြောင်းများထိုးနေပြီး ဒေသခံPDFများကခုခံတိုက်ခိုက်နေသည်။

Public Service Announcement


















































