Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်အတွင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များလိုက်နာရန် လမ်းညွန်ချက်ထုတ်ပြန်

အဆိုပါလမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိပါက NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြပြီး လမ်းညွှန်ချက်အတိုင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များလိုက်နာရမည့် အချက် ၉ချက်ပါ​သော လမ်းညွှန်ချက်များအား ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံစေရန်အတွက် ပြစ်မှုပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဒေသခံအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန်၊ စစ်ကောင်စီသတင်းပေးဟု ယူဆရသူ တွေ့ရှိပါက အလျင်စလို အရေးယူဆုံးဖြတ်ခြင်းမပြုဘဲ ဒေသခံအဖွဲ့အစည်းကိုအသိပေး အကြံပြုချက် ရယူပြီးမှ စီရင်ဆုံးဖြတ်ရန်၊ပုလဲမြို့နယ်အတွင်းရှိ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲစီမံခန့်ခွဲခြင်းကို ပကဖ(ပြည်သူ့ကာကွယ်​ရေးအဖွဲ့)အဖွဲ့အစည်းမသိဘဲ မည်သည့်အဖွဲ့မှ ထုတ်ယူသုံးစွဲ စီမံခန့်ခွဲခြင်းမပြုလုပ်ရန်၊ ပုလဲမြို့နယ်အတွင်း သစ်၊ မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ တွေ့ရှိလာပါကဖမ်းဆီးထိန်းသိမ်းထားပြီး ပကဖနှင့်ပူးပေါင်းဆုံးဖြတ်ဆောင်ရွက်ရန်၊ ပြည်သူမှပြည်သူသို့ စီးဆင်းသောကုန်ပစ္စည်းများကို သယ်ဆောင်လာသောယာဥ်များအား ဖမ်းဆီးခြင်း၊ ရံပုံငွေတောင်းခံခြင်းများ မပြုလုပ်ရန်၊ကာကွယ်ရေးရံပုံငွေအလို့ငှာ ဆက်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို လုံးဝမပြုလုပ်ရန်၊ပုလဲမြို့နယ်အတွင်း စစ်ကောင်စီနှင့်ဆက်နွယ်သော မည်သည့် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်ခံဆောင်ရွက်ခြင်းမပြုရန်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းကိစ္စများမှအပ ပြည်သူများအကြား ဒေသအတွင်း တရားမမှုကိစ္စများကို ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဝင်ရောက်ဆောင်ရွက်ဖြေရှင်းခြင်းမပြုလုပ်ရန်၊ဖမ်းဆီးရမိသောစစ်သုံ့ပန်းနှင့် စစ်သုံ့ပန်း၏ ငွေလက်နက်ပစ္စည်းများကို NUGမှချမှတ်ထားသော စစ်သုံ့ပန်းထိန်းသိမ်းရေးမူများအတိုင်း လိုက်နာဆောင်ရွက်ရန်အတွက် မြို့နယ်ပကဖသို့ဆက်သွယ်ရန် အစရှိသည့်အချက်များအား လိုက်နာရန် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိပါက NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြပြီး လမ်းညွှန်ချက်အတိုင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။