Connect with us

Hi, what are you looking for?

News

“ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတဲ့လှုအခွင့်အရေးလှုပ်ရှားမှုမှာ ပါဝင်ဖို့ နှိုးဆော်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ လှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်နေသလို မြန်မာနိုင်ငံမှာလည်း နှစ်စဥ် လူ့အခွင့်အရေးနေ့ကို ပြုလုပ်ကြပါတယ်။

ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးဖြင့် သိမ်းပိုက်ကြ ဆိုတဲ့ လူ့အခွင့်အရေးနေ့လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နှိုးဆော်ထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ပြည်ထောင်စုဝန်ကြီးက ပြည်သူတွေကို တိုက်တွန်းထားတာပါ။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ လှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်နေသလို မြန်မာနိုင်ငံမှာလည်း နှစ်စဥ် လူ့အခွင့်အရေးနေ့ကို ပြုလုပ်ကြပါတယ်။

“ဒီနှစ်မှာတော့ မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးနေ့ ကို ကျင်းပပြုလုပ်ရမည့်အစား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ၊ စစ်အာဏာရှင်ရဲ့ ရာဇ၀တ်မှုကျူးလွန်မှုတွေကို ခံစားနေကြရတာ ဖြစ်ပါတယ် ။ စစ်အာဏာရှင်က မြန်မာပြည်သူတွေအပေါ် နည်းလမ်းပေါင်းစုံသုံးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်လာသလို လူတိုင်းရဲ့ အခွင့်အရေးတွေကို ရက်စက်တဲ့နည်းလမ်းမျိုး စုံသုံးပြီး ကျူးလွန်နေတာကိုလည်း တွေ့ရပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးရဲ့ နှိုးဆော်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူတွေကလည် လူတစ်ယောက်ချင်းစီရဲ့ ရပိုင်ခွင့်တွေ၊ လူတိုင်းရဲ့ အခွင့်အရေးတွေကို ရတဲ့နည်းနဲ့ တောင်းဆိုနေကြဆဲဖြစ်ကြောင်း၊ နောက်ဆုံးမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့ စစ်ကောင်စီကို တော်လှန်ရေးနည်းနဲ့ ဆက်လက်တောင်းဆိုတိုက်ပွဲ၀င်နေကြတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံတွေကို နိုင်ငံသားတိုင်းပါ၀င်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

“ပြည်သူက ပြည်သူကို ကူညီကြရင်း ကိုယ်ပိုင်လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ မြန်မာနိုင်ငံ သားတိုင်းပါ၀င်ဆောင်ရွက်နိုင်မယ့် Campaign လေးနဲ့ စတင်လိုက်ပါမယ် ။ ဒါကတော့ ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ ဆိုတဲ့ ဆောင်ပုဒ်လေး နဲ့ အတူ လူ့အခွင့်အရေးဆိတ်သုဉ်း နေတဲ့ နိုင်ငံတော် မှာ နေထိုင်ကြရတဲ့ ပြည်သူတွေ အရေးကို ကမ္ဘာတစ်၀ှမ်းလုံးသိမြင်လာအောင် နှိုးဆော်ကြရအောင်ပါ” လို့ ရေးသားထားပါတယ်။

ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ Campaign မှာ ပါဝင် လိုသူတိုင်းက ဆောင်ပုဒ် နဲ့အတူ ဓာတ်ပုံရိုက်ပြီး Facebook account တွေပေါ်မှ ပို့စ်တင်ပြီး ပါ၀င်နိုင်တယ်လို့လည်း အသိပေးထားပါတယ် ။ ပါ၀င်လိုသူတွေအနေဖြင့်လည်း # Infosheet4humanrightsmyanmar နဲ့ တွဲပြီးတင်ပေးစေချင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ထူးခြားဆန်းသစ်တဲ့အစီအစဥ်များနဲ့ တင်ဆက်မည်ဖြစ်သလို တေးသီချင်း​တွေ၊ ဟောပြောပွဲ​တွေ ၊ Panel Discussion များကိုလည်း Info sheet 4 Human rights Myanmar Facebook Page ကတင်ဆက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။