Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီအတွက်ဆီ​ထောက်ပို့ကားဆင်းမည်သတင်းရ၍ကားအချို့ကိုစစ်​ဆေးစဥ် ကြက်သားမှုန့်နှစ်ထုပ်ပျက်စီး၍ ပြည်သူ့ကာကွယ်​ရေးတပ်က​လျော်​ကြေး​ပေး

နယ်မြေစိုးမိုးမှုတစ်စထက်တစ်စ ရရှိလာပြီဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း နယ်မြေအချို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်နေသည့်အပြင် စစ်ကောင်စီထောက်တိုင်ကားများကိုလည်း တိုင်းအတွင်းဖြတ်သန်းခွင့်မရစေရန် စစ်ဆေးလျက်ရှိသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် ဆီထောက်ပို့ကားများဆင်းမည်ဟုသတင်းရ၍ ကုန်တင်ကားအချို့အား စစ်ဆေးစဥ် ကြက်သားမှုန့်အထုပ်နှစ်ထုပ်ပျက်စီးသွားသောကြောင့် မုံရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ တို့က ပြန်လည်ပေးလျော်ခဲ့သည်။

မုံရွာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ တို့ ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ဆီ ထောက်ပို့ ကားများ ဆင်းမည်ဟု သတင်းရရှိထား၍ ကုန်တင်ယာဉ်များကို စစ်ဆေးရေးလုပ်စဥ်ကုန်ကားတွင်ပါသည့် ဂျပ်ဖာပုံးများဖောက်စစ်ရင်း ရဲဘော်တစ်ယောက်၏
မတော်တဆမှုကြောင့် ကြက်သားမှုန့်ထုပ်ပျက်စီးသွားခဲ့၍ကြက်သားမှုန့်တန်ဖိုး ကျပ်တစ်ထောင်လျော်ကြေးအဖြစ် ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်းမုံရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက People’ Spring သို့ပြောသည်။

“ကားနဲ့ အတူပါလာတဲ့ ကားဆရာနဲ့ ကုန်သည်ကို လည်း စစ်ဆေး မှုအတွက် ခရီး နှောင့်နှေး သွားမှု အတွက် အားနာ ရကြောင်း ၊ တာဝန် အရ မို့ နားလည်ပေးစေချင်ကြောင်း ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်။ ကုန်သည် နဲ့ ကားဆရာ ဘက်မှလည်း စစ်ပါ အဆင်ပြေပါတယ်။ နားလည်ပါတယ် လို့ပြန်ပြောခဲ့ပြီး ပြေလည်မှု ရရှိပြီးမှ ဆောင် ရွက်ရခြင်းဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှု အတွက်လဲ ပိုင်ရှင်ကို ပြောပေးပါ။ တကယ်လဲ အားနာရကြောင်း။ ကျွန်တော် တို့ ကားဆရာ နဲ့အတူ စာထည့်ပေးလိုက်ပါတယ်ဗျ။”ဟု မုံရွာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကရှင်းပြသည်။

နယ်မြေစိုးမိုးမှုတစ်စထက်တစ်စ ရရှိလာပြီဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း နယ်မြေအချို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်နေသည့်အပြင် စစ်ကောင်စီထောက်တိုင်ကားများကိုလည်း တိုင်းအတွင်းဖြတ်သန်းခွင့်မရစေရန် စစ်ဆေးလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook