Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ကို အဝင်၊ အထွက်ဂိတ်​​ငါးဂိတ်ထားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စတင်ထိန်းချုပ်၊ စစ်​ကောင်စီတပ် သ​င်္ဘောနှစ်စင်းကို စတင်ဖမ်းဆီး

“စစ်ဆေးမှုကို ငြင်းဆန်နေပါက ကျွန်ုပ်တို့ဂိတ်မှူးများမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ပါသည်” CDSOM က ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်ကို အဝင်၊အထွက်ဂိတ်များထားရှိပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMတို့က စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်​​ကြောင်း ယနေ့(ဒီဇင်ဘာ ၄)​ အသိ​ပေး​ကြေညာလိုက်သည်။

အဝင်၊အထွက် ဂိတ်များ သတ်မှတ်ရာတွင် စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား “ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြ‌သေ့်မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု အသီးသီးစီစဥ်ချမှတ်ထား​​ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အ​​ပြင် သတ်မှတ်ဂိတ်များ၌ စစ်ကောင်စီတပ်နှင့်ဆက်နွယ်ပက်သက်သော ထုတ်ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ် ထိန်းသိမ်းသွားမည်​ဖြစ်ပြီး ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်နှင့် မြို့နယ်သူ၊သားများ၏ အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမည်ဟု ဆိုသည်။

“စစ်ဆေးမှုကို ငြင်းဆန်နေပါက ကျွန်ုပ်တို့ဂိတ်မှူးများမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ပါသည်” CDSOM က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဝင်၊အထွက်ဂိတ်များထားရှိ၍ စစ်ဆေးမှုပြုလုပ်ရာတွင် ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လာဘ်ပေး၊လာဘ်ယူ ပြုလုပ်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်​ကြောင်းလည်း အသိ​ပေးထားသည်။

မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးမှုများစတင်လုပ်ဆောင်ခဲ့ရာ ယမန်နေ့(ဒီဇင်ဘာ ၃)က ချင်းတွင်းမြစ်ကြောင်းအတိုင်း မန္တ​လေးမှ မုံရွာမြို့ဘက်လာသော စစ်​ကောင်စီတပ်၏ ရွှေဂျိုးဖြူဆီတင်သ​ဘော်နှင့် BOC သဘော်တို့ကို နှလုံးလှဂိတ်က ထိန်းသိမ်းခဲ့သည်။

မြောင်မြို့သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင်တည်ရှိပြီး မြင်းမူမြို့၏ အနောက်တောင်ဖက် (၁၄) မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာ ဧရာဝတီမြစ်၏ ညာဘက်ဖက်ကမ်းပေါ်၌ တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။