Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်က ဒီပဲယင်း PDF စခန်းတစ်ခုကိုဖျက်ဆီး​သော်လည်း PDF တပ်ဖွဲ့ဝင်များထိ့ခိုက်မှုမရှိ

ဖျက်ဆီးခံခဲ့ရသော်လည်း ဒီပဲယင်း PDFအဖွဲ့ဝင်များသည် စိတ်ဓာတ်ကျခြင်းအလျဥ်းမရှိဘဲ ထုတ်ပြန်ချက်တွင် ပေါ့ပါးရွှင်မြူးနေသောစကားများကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲစခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး PDFဘက်မှ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဒီပဲယင်း PDFက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် (၁၀) နာရီခန့်ကဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက် ဖျက်ဆီးခဲ့ကြသဖြင့်ထမင်းစားရာတွင်သုံးသည့် ပန်းကန်ပြား အချပ် ၁၀၀၊ပန်းကန်လုံး – ၅၀၊ ဇွန်း – ၁၀၀၊ ချောင် – ၅ လုံး၊ ယောက်ချိုဇွန်းကြီး – ၅ ချောင်း၊သတ္ထုခွက် – ၁ ခွက်၊ ဆီစစ် – ၁ ခု၊ မိုးပြဲဒယ်အိုးကြီး – ၁ လုံး၊ ကြက်သွန်စက် – ၁ ခု၊ ထမင်းပေါင်းထုံ – ၁ ခု၊ ဒန်ခွက်ကြီး – ၁ ခု၊တိုက်ပန်းကန်ပြား – ၁၀ ချပ်၊ရေနွေးတည်အိုး – ၁ ခု၊ဓာတ်ဗူး – ၂ လုံး၊ မီးစက် 3K အစုံ – ၁ လုံး၊ ဆိုင်ကယ် – ၃ စီးအား ဖျက်ဆီးသွားခဲ့ကြပြီး ကာလတန်ဖိုး သိန်း ၃၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။

Public Service Announcement

ဖျက်ဆီးခံခဲ့ရသော်လည်း ဒီပဲယင်း PDFအဖွဲ့ဝင်များသည် စိတ်ဓာတ်ကျခြင်းအလျဥ်းမရှိဘဲ ထုတ်ပြန်ချက်တွင် ပေါ့ပါးရွှင်မြူးနေသောစကားများကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေကြသည့် စစ်ကိုင်းတိုင်းအတွင်းနယ်များတွင် ဒီပဲယင်းမြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုဒီဇင်ဘာလဆန်း၌ပင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသတွင်းPDFများအကြား တိုက်ပွဲများဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။