Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဒီပဲယင်း PDF စခန်းတစ်ခုကိုဖျက်ဆီး​သော်လည်း PDF တပ်ဖွဲ့ဝင်များထိ့ခိုက်မှုမရှိ

ဖျက်ဆီးခံခဲ့ရသော်လည်း ဒီပဲယင်း PDFအဖွဲ့ဝင်များသည် စိတ်ဓာတ်ကျခြင်းအလျဥ်းမရှိဘဲ ထုတ်ပြန်ချက်တွင် ပေါ့ပါးရွှင်မြူးနေသောစကားများကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲစခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး PDFဘက်မှ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဒီပဲယင်း PDFက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် (၁၀) နာရီခန့်ကဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက် ဖျက်ဆီးခဲ့ကြသဖြင့်ထမင်းစားရာတွင်သုံးသည့် ပန်းကန်ပြား အချပ် ၁၀၀၊ပန်းကန်လုံး – ၅၀၊ ဇွန်း – ၁၀၀၊ ချောင် – ၅ လုံး၊ ယောက်ချိုဇွန်းကြီး – ၅ ချောင်း၊သတ္ထုခွက် – ၁ ခွက်၊ ဆီစစ် – ၁ ခု၊ မိုးပြဲဒယ်အိုးကြီး – ၁ လုံး၊ ကြက်သွန်စက် – ၁ ခု၊ ထမင်းပေါင်းထုံ – ၁ ခု၊ ဒန်ခွက်ကြီး – ၁ ခု၊တိုက်ပန်းကန်ပြား – ၁၀ ချပ်၊ရေနွေးတည်အိုး – ၁ ခု၊ဓာတ်ဗူး – ၂ လုံး၊ မီးစက် 3K အစုံ – ၁ လုံး၊ ဆိုင်ကယ် – ၃ စီးအား ဖျက်ဆီးသွားခဲ့ကြပြီး ကာလတန်ဖိုး သိန်း ၃၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။

Public Service Announcement

ဖျက်ဆီးခံခဲ့ရသော်လည်း ဒီပဲယင်း PDFအဖွဲ့ဝင်များသည် စိတ်ဓာတ်ကျခြင်းအလျဥ်းမရှိဘဲ ထုတ်ပြန်ချက်တွင် ပေါ့ပါးရွှင်မြူးနေသောစကားများကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေကြသည့် စစ်ကိုင်းတိုင်းအတွင်းနယ်များတွင် ဒီပဲယင်းမြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုဒီဇင်ဘာလဆန်း၌ပင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသတွင်းPDFများအကြား တိုက်ပွဲများဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook