Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင်မီတာခများ​အတင်းကောက်ခံ​နေ၍မြို့နယ်လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကိုဗုံးခွဲသတိ့​ပေး

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မီတာနှင့် ရေမီတာခများ အတင်းအဓမ္မကောက်ခံနေ၍ မြို့နယ်လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးအား တပြိုင်တည်းဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ​မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မီတာနှင့် ရေမီတာခများ အတင်းအဓမ္မကောက်ခံနေ၍ မြို့နယ်လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးအား တပြိုင်တည်းဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ​မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က ပခုက္ကူမြို့နယ်အတွင်း လျှပ်စစ်မီတာ၊ ရေမီတာ အစရှိသည့် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်စေမည့် အခွန်အခများ အတင်းအဓမ္မ ကောက်ခံလျက်ရှိသည်ဟု သတင်းရရှိသော မြို့နယ် လျှပ်စစ်ရုံး နှင့် စည်ပင်သာယာရေးအဖွဲ့ရုံးတို့အား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပြိုင်နက် ဗုံးခွဲတိုက်ခိုက်၍ သတိပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက် သတိပေးခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး ထပ်မံ၍ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်စေမည့် အခွန်အခများ အတင်းအဓမ္မကောက်ခံမည်ဆိုပါက ထိုကောက်ခံမည့် တစ်ဦးတစ်ယောက်ချင်းကိုသော်လည်းကောင်း၊ ဌာနအဖွဲ့အစည်းများ ကိုသော်လည်းကောင်း တာဝန်ယူမည်မဟုတ်ဘဲ ယခုထက် ပိုမိုထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ