Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူတွင်မီတာခများ​အတင်းကောက်ခံ​နေ၍မြို့နယ်လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကိုဗုံးခွဲသတိ့​ပေး

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မီတာနှင့် ရေမီတာခများ အတင်းအဓမ္မကောက်ခံနေ၍ မြို့နယ်လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးအား တပြိုင်တည်းဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ​မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မီတာနှင့် ရေမီတာခများ အတင်းအဓမ္မကောက်ခံနေ၍ မြို့နယ်လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးအား တပြိုင်တည်းဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ​မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က ပခုက္ကူမြို့နယ်အတွင်း လျှပ်စစ်မီတာ၊ ရေမီတာ အစရှိသည့် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်စေမည့် အခွန်အခများ အတင်းအဓမ္မ ကောက်ခံလျက်ရှိသည်ဟု သတင်းရရှိသော မြို့နယ် လျှပ်စစ်ရုံး နှင့် စည်ပင်သာယာရေးအဖွဲ့ရုံးတို့အား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပြိုင်နက် ဗုံးခွဲတိုက်ခိုက်၍ သတိပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက် သတိပေးခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး ထပ်မံ၍ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်စေမည့် အခွန်အခများ အတင်းအဓမ္မကောက်ခံမည်ဆိုပါက ထိုကောက်ခံမည့် တစ်ဦးတစ်ယောက်ချင်းကိုသော်လည်းကောင်း၊ ဌာနအဖွဲ့အစည်းများ ကိုသော်လည်းကောင်း တာဝန်ယူမည်မဟုတ်ဘဲ ယခုထက် ပိုမိုထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။