Connect with us

Hi, what are you looking for?

News

အင်းတော်မြို့နယ်လမ်းပိုင်းများ အသုံးပြုရန် အချိန်ကန့်သတ်

ပြည်သူများအနေဖြင့် ကသာနှင့် အင်းတော်မြို့၏ ဆက်စပ်သည့်လမ်းပိုင်းများ၌ ည ၇နာရီမှစ၍ နံနက် ၆ နာရီအထိ လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။

People's Spring
People's Spring

အင်းတော်-ကသာ၊ အင်းတော်-ထီးချိုင့်၊အင်းတော်-ဗန်းမောက်နှင့် အင်းတော်-မိုးညှင်းလမ်းပိုင်းများကို ယနေ့( ဒီဇင်ဘာ၈ရက်)က စ၍အသုံးပြုမှုအချိန်ကန့်သတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေး ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် ကသာနှင့် အင်းတော်မြို့၏ ဆက်စပ်သည့်လမ်းပိုင်းများ၌ ည ၇နာရီမှစ၍ နံနက် ၆ နာရီအထိ လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။

ထို့အပြင် အသုံးပြုသွားလာနေကြသော ကုန်တင်ယာဉ်များသည် မိုးကာများအုပ်၍ သွားလာခြင်းမပြုရန် နှင့် မဖြစ်မနေ ညဖက်မောင်းနှင်သွားလာသည့် မည်သည့်မော်တော်ကားမဆို အတွင်းခန်းမီးများဖွင့်၍ မောင်းနှင် ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။

အလားတူ အထက်ပါလမ်းပိုင်းများကို အသုံးပြုသွားလာနေကြရသူများသည် အကြမ်းဖက်စစ်ကောင်စီ၏ ကားများနောက်မှ ကပ်မလိုက်ရန်လည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ယာဉ်မောင်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ၊ ၎င်းတို့နှင့်ဆက်စပ် ပစ္စည်းနှင့်လူများ တင်ဆောင်သယ်ယူပါက ထိရောက်စွာအရေးယူမည်ဟု ထပ်လောင်း သတိပေးသည်။

တော်လှန်ရေးအရှိန်အဟုန်သည် တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေပြီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြပါရန်၊ အကယ်၍ မဖြစ်မနေသွားလာကြရလျှင်လည်း အသိပေးချက်များကို လိုက်နာ၍ သတိထားသွားလာခြင်းဖြင့် ပူးပေါင်းကူညီကြပါရန် ထုတ်ပြန်ချက်များက တိုက်တွန်းထားသည်။

ယမန်နေ့(ဒီဇင်ဘာ ၇ ရက်)ကလည်း ကသာမြို့နယ်တွင် အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်များတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook