Connect with us

Hi, what are you looking for?

News

မန္တလေးတွင် စာသင်ကျောင်းရှေ့တပ်စွဲထားသည့် စစ်ကောင်စီတပ် ဖောက်ခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာရသူနှစ်ဦးတွင် ဗိုလ်အမှူးအဆင့်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

​(ဖေ​ဖော်ဝါရီ၁၅ရက်က မန္တ​လေးမြို့တွင် ဆန္ဒပြသူများကို အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေ ရဲတပ်ဖွဲ့က ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - ​အောင်သူ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(GZP)က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၈)နံနက် ၈နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ် လက်ရွေးစင်ရပ်ကွက်ရှိ အမှတ်(၁၈) အထက်တန်းကျောင်းခွဲရှေ့ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဖောက်ခွဲရေးပစ္စည်းတစ်ခုအသုံးပြု၍ တိုင်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု GZP၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် အပြစ်မဲ့ပြည်သူတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိ(မစိုးရိမ်ရ)သည်ဟု ပြန်လည်ကြားသိရ၍ များစွာစိတ်ထိ ခိုက်ရပြီး ထိခိုက်မှုရှိခဲ့သော ပြည်သူအား အနူးအညွတ်တောင်းပန်ကြောင်း အသိပေးဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာရသူနှစ်ဦးတွင် ဗိုလ်အမှူးအဆင့်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့ဘက်က လုံခြုံရေးယူတယ် ပြောရအောင် ဘယ်သူ့လုံခြုံရေးယူတာတုန်း ကျောင်းရှေ့လာပြီး လူသားဒိုင်းအနေနဲ့ တပ်စွဲထားတာလို့ပဲ မြင်တယ်”ဟု ဒေသခံတစ်ဦးက ဖြစ်စဥ်အားအပေါ် မှတ်ချက်ပေးသည်။

အထက်ပါတိုက်ခိုက်မှုကို မန္တလေးပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့(GZP)နှင့် Black Image(Mandalay) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။