Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သားများတင်ဆောင်လာသော ယာဥ်တိမ်းမှောက်၊ မြန်မာလုပ်သား သုံးဦးသေ၊ လေးဦးဒဏ်ရာရ

ဒဏ်ရာပြင်းထန်သူ သုံးဉီးကို ဆေးရုံသုံးရုံသို့ ပို့ဆောင်၍ အရေးပေါ်လူနာအဖြစ်ကုသပေးနေပြီး ကျန်၁၂ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထားရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - အလုပ်သမားသံအရာရှိရုံး

-တရားမဝင်နည်းလမ်းဖြင့် မလာရောက်ကြရန် မြန်မာအဖွဲ့အစည်းများ သတိပေး

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများတင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ မြန်မာလုပ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၈ရက်)က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်တွင် မြန်မာလုပ်သား ၁၈ဦးလိုက်ပါလာပြီး ဒဏ်ရာရရှိသူ လေးဦးအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း အသိပေးထားသည်။

ဓာတ်ပုံ – အလုပ်သမားသံအရာရှိရုံး

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအရာရှိက မသင်္ကာ၍ ကားအားတားဆီးရာ အရှိန်ဖြင့်မောင်းနှင်ထွက်ပြေးရာမှ တိမ်းမှောက်ခြင်းဖြစ်ပြီး ယာဉ်မောင်းအား ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြန်မာလုပ်သားများသည် လွန်ခဲ့သည့် ၂ ပတ်အတွင်းက မြဝတီနယ်စပ်မှတစ်ဆင့် ကုန်းကြောင်း၊ ရေကြောင်းဖြင့် အဆင့်ဆင့်ကျော်ဖြတ်လာကြသူများဟု ဆိုသည်။

ဒဏ်ရာပြင်းထန်သူ သုံးဉီးကို ဆေးရုံသုံးရုံသို့ ပို့ဆောင်၍ အရေးပေါ်လူနာအဖြစ်ကုသပေးနေပြီး ကျန်၁၂ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထားရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – အလုပ်သမားသံအရာရှိရုံး

ထို့အပြင် ၎င်းတို့အတွက် စားသောက်စရာများစီစဥ်ပေးထားပြီး နေရပ်ပြန်ပို့နိုင်ရေးနှင့် သေဆုံးသူများအတွက် နစ်နာကြေးအမြန်ရရှိရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

လက်ရှိတွင် ထိုင်းအစိုးရက ကိုဗစ်ရောဂါကာကွယ်ရေးနှင့် မြန်မာဘက်မှ နယ်မြေမတည်ငြိမ်မှုများကြောင့် နယ်စပ်ကို လုံခြုံရေးတိုးမြင့်ချထားပြီး တရားမဝင်လာရောက်သူများမရှိစေရန်လည်း စောင့်ကြည့်နေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသော မြန်မာအဖွဲ့အစည်းများက ပြောသည်။

ထို့‌ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်နည်းလမ်းဖြင့် မလာရောက်ကြရန်လည်း အဆိုပါ အဖွဲ့အစည်းများက သတိပေးသည်။

“အခုပြဿနာက ဘာဖြစ်နေလဲဆိုတော့ တရားမဝင်လာတဲ့သူတွေကို ဖမ်းတယ်။ ဖမ်းပြီး ပြန်ပို့တယ်။ ထပ်လာတယ်။ အဲလိုတွေ ဖြစ်နေကြတာ။ ထိုင်းရဲကလည်း လုံးဝအဝင်မခံဘူး။နောက်ပြီး ဒီလူတွေ အများကြီးလည်း မထားနိုင်ဘူး။ အဲဒါကြောင့် ဖမ်းပြီးပြန်ပို့နေကြတာ”ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုအတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှုပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။