Connect with us

Hi, what are you looking for?

News

မြင်းခြံတွင် စစ်ကောင်စီယာဉ်တန်းကို မဟာမိတ်အဖွဲ့များတိုက်ခိုက်ရာ ရဲသုံးဦး သေ

စစ်ကောင်စီယာဥ်တန်းတွင် ကား တစ်စီးနှင့် ဆိုင်ကယ် သုံး စီးပါဝင်ပြီး ဆိုင်ကယ် သုံး စီး ပျက်စီးကာ ရဲတပ်သား သုံး ဦးနေရာတွင်သေဆုံးကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကားနှင့်ဆိုင်ကယ်ယာဥ်တန်းကို မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်လေးဖွဲ့ပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ရဲသုံး ဦး​သေဆုံးခဲ့သည်ဟု မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ကို နံ့သလှိုင်ရွာနှင့် ငါန်းနန်းကျေးရွာကြား ချောင်းကူးတံတားတွင် ယမန်နေ့( ဒီဇင်ဘာလ ၈ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီယာဥ်တန်းတွင် ကား တစ်စီးနှင့် ဆိုင်ကယ် သုံး စီးပါဝင်ပြီး ဆိုင်ကယ် သုံး စီး ပျက်စီးကာ ရဲတပ်သား သုံး ဦးနေရာတွင်သေဆုံးကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Force၊ ငါန်းဇွန် Five Starအဖွဲ့ ပူးပေါင်းမဟာမိတ် ၄ ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက်ကတိုက်ခိုက်ခဲ့သော်လည်းဒေသတွင်း လုံခြုံရေးအခြေအနေအရ ယနေ့နံနက်မှသာ ထုတ်ပြန်ရခြင်းဟု TGRက ရှင်းလင်းထားသည်။ထို့အပြင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို နေရာဒေသမရွေးဘဲ သုတ်သင်သွားမည်ဟုလည်း ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။