Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ကို မီးရှို့သည့် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီတပ်မှသေဆုံးမှုရှိသကဲ့သို့ ချင်းတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်ကောင်စီတပ်က လူထုနေအိမ်များကို မီးရှို့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ရောက်လာစဉ် ချောင်းမြောင်းပစ်ခတ်သည့် ဗျူဟာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆလိုင်းထက်နီက သုံးသပ်သည်။

(ထန်တလန်မြို့ မြင်ကွင်း -ဓါတ်ပုံ- The Chin Journal)

ချင်းပြည်နယ် ထန်တလန်မြို့တွင် နေအိမ်များကို မီးရှို့သည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) တို့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများရှိသကဲ့သို့ ချင်းပူးပေါင်းတပ်ဖွဲ့မှ ၃ဦး ကျဆုံး ၄ဦးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ဒီဇင်ဘာ ၈ရက် မွန်းလွဲပိုင်းက ထန်တလန်မြို့ပေါ် မီးလောင်မှု ဖြစ်ပြီးနောက် CNA/CDF တပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု၎င်းကသည်။

“စစ်ကောင်စီကနေ အိမ်တွေကို မီးရှို့တာ။ အဲဒါကို ဒေသခံ CNA နဲ့ ထန်တလန် CDF မြို့ပြင်မှာ စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒါတွေကို စစ်ဆင်ရေးလုပ်ဖို့ သွားတယ်။ အဲဒီမှာ နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်တာ။ ကျွန်တော်တို့ဘက်က ၃ယောက် အကျအဆုံးရှိတယ် ၄ယောက် ဒဏ်ရာရတယ်။ သူတို့ဘက်ကလည်း အကျအဆုံးတော့ ရှိလိမ့်မယ် ကျွန်တော်တို့က အတည်ပြုလို့တော့ မရသေးဘူး ဒဏ်ရာရတွေလည်းရှိတယ်” ဟုဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်က လူထုနေအိမ်များကို မီးရှို့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ရောက်လာစဉ် ချောင်းမြောင်းပစ်ခတ်သည့် ဗျူဟာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆလိုင်းထက်နီက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလမှစ၍ လူနေအိမ်များရှိရာသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ တမင်မီးရှို့ခြင်းများကို ၁၁ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးနေအိမ် နှင့် ဘုရားကျောင်းများ အပါအဝင် အဆောက်အဦ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။