Connect with us

Hi, what are you looking for?

LuduNwayOo

News

ထန်တလန်မြို့ကို မီးရှို့သည့် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီတပ်မှသေဆုံးမှုရှိသကဲ့သို့ ချင်းတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်ကောင်စီတပ်က လူထုနေအိမ်များကို မီးရှို့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ရောက်လာစဉ် ချောင်းမြောင်းပစ်ခတ်သည့် ဗျူဟာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆလိုင်းထက်နီက သုံးသပ်သည်။

(ထန်တလန်မြို့ မြင်ကွင်း -ဓါတ်ပုံ- The Chin Journal)

ချင်းပြည်နယ် ထန်တလန်မြို့တွင် နေအိမ်များကို မီးရှို့သည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) တို့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများရှိသကဲ့သို့ ချင်းပူးပေါင်းတပ်ဖွဲ့မှ ၃ဦး ကျဆုံး ၄ဦးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ဒီဇင်ဘာ ၈ရက် မွန်းလွဲပိုင်းက ထန်တလန်မြို့ပေါ် မီးလောင်မှု ဖြစ်ပြီးနောက် CNA/CDF တပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု၎င်းကသည်။

“စစ်ကောင်စီကနေ အိမ်တွေကို မီးရှို့တာ။ အဲဒါကို ဒေသခံ CNA နဲ့ ထန်တလန် CDF မြို့ပြင်မှာ စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒါတွေကို စစ်ဆင်ရေးလုပ်ဖို့ သွားတယ်။ အဲဒီမှာ နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်တာ။ ကျွန်တော်တို့ဘက်က ၃ယောက် အကျအဆုံးရှိတယ် ၄ယောက် ဒဏ်ရာရတယ်။ သူတို့ဘက်ကလည်း အကျအဆုံးတော့ ရှိလိမ့်မယ် ကျွန်တော်တို့က အတည်ပြုလို့တော့ မရသေးဘူး ဒဏ်ရာရတွေလည်းရှိတယ်” ဟုဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်က လူထုနေအိမ်များကို မီးရှို့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ရောက်လာစဉ် ချောင်းမြောင်းပစ်ခတ်သည့် ဗျူဟာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆလိုင်းထက်နီက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလမှစ၍ လူနေအိမ်များရှိရာသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ တမင်မီးရှို့ခြင်းများကို ၁၁ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးနေအိမ် နှင့် ဘုရားကျောင်းများ အပါအဝင် အဆောက်အဦ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။