Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကားနှစ်စီးလာပြီး​နောက်မုံရွာမြို့ရှိ ဒီချုပ်တိုင်းရုံးဗုံးကွဲ

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးအချို့ကို ညအချိန်များတွင် ဗုံးခွဲဖျက်ဆီးမှုများမကြာခဏ ပြုလုပ်နေသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တိုင်းရုံး အဆောက်အဦး ယနေ့ည ဗုံးခွဲခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

“စစ်တပ်ကား၂စီးလာပြီးဗုံကွဲသွားတယ်လို့ပြောတယ်”ဟု​ဒေသခံတစ်ဦးက​ ပြောသည်။

မုံရွာမြို့ စိန်ပန်းနီလမ်းရှိ NLDတိုင်းရုံးသည် ယနေ့ည ရှစ်နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးခွဲခံရခြင်းဖြစ်​ကြောင်းဒေသခံတစ်ဦးက ပြောသည်။ ရုံးတွင် လူနေထိုင်ခြင်းမရှိ၍ လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦ ပျက်စီးထိခိုက်မှုအခြေအနေကို မသိရသေးဟု ၎င်းကဆက်​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးအချို့ကို ညအချိန်များတွင် ဗုံးခွဲဖျက်ဆီးမှုများမကြာခဏ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ယ​နေ့မုံရွာတစ်မြို့ လုံးသည် ကျန်​ဒေသများနည်းတူ တိတ်ဆိတ်ခြင်း သပိတ်ကိုပါဝင်ဆင်နွှဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။

သတင်း

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မျက်​မြင်ပျက်စီးပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည်ဟု တပ်တွင်းသတင်းပေးထံမှသိရကြောင်း ၎င်းက ဆိုသည်။