Connect with us

Hi, what are you looking for?

News

စစ်ကားနှစ်စီးလာပြီး​နောက်မုံရွာမြို့ရှိ ဒီချုပ်တိုင်းရုံးဗုံးကွဲ

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးအချို့ကို ညအချိန်များတွင် ဗုံးခွဲဖျက်ဆီးမှုများမကြာခဏ ပြုလုပ်နေသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တိုင်းရုံး အဆောက်အဦး ယနေ့ည ဗုံးခွဲခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

“စစ်တပ်ကား၂စီးလာပြီးဗုံကွဲသွားတယ်လို့ပြောတယ်”ဟု​ဒေသခံတစ်ဦးက​ ပြောသည်။

မုံရွာမြို့ စိန်ပန်းနီလမ်းရှိ NLDတိုင်းရုံးသည် ယနေ့ည ရှစ်နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးခွဲခံရခြင်းဖြစ်​ကြောင်းဒေသခံတစ်ဦးက ပြောသည်။ ရုံးတွင် လူနေထိုင်ခြင်းမရှိ၍ လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦ ပျက်စီးထိခိုက်မှုအခြေအနေကို မသိရသေးဟု ၎င်းကဆက်​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးအချို့ကို ညအချိန်များတွင် ဗုံးခွဲဖျက်ဆီးမှုများမကြာခဏ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ယ​နေ့မုံရွာတစ်မြို့ လုံးသည် ကျန်​ဒေသများနည်းတူ တိတ်ဆိတ်ခြင်း သပိတ်ကိုပါဝင်ဆင်နွှဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။