Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဥက္ကလာပတွင် ဘထ္ထရီစက်ဘီးနင်းသူကို အိမ်စီးကား တိုက်ပြီးမောင်း​ပြေး

ကားနံပတ်ကို သေသေချာချာမမှတ်မိသော်လည်း ကားမောင်းလာသူမှာ မူးနေသည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။

တောင်ဥက္ကလာပမြို့နယ် ပဒေသာလမ်းဆုံအနီးတွင် အိမ်စီးကားတစ်စီးက ဘထ္ထရီစက်ဘီးနင်းလာသူတစ်ဦးကိုအိမ်စီးကားတစ်စီးက တိုက်ပြီး ​မောင်းပြေးသွားကြောင်း ယင်းဖြစ်စဥ်ကိုမျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“Honda Insight တိုက်သွားတာ တိုက်ပြီးပြေးသွားတယ် ကောင်လေးကို Probox တစ်စီးက တင်ပြီးဆေးရုံပြေးမှ ပြန်လာတယ် ကားအရှေ့မှန်ရစရာကို မရှိဘူး အနောက်အမြီးလည်းကျိုးသွားတယ်”ဟု ယင်းဖြစ်စဥ်ကိုတွေ့မြင်ခဲ့သည့် အမျိုးသားကပြောသည်။

ကားနံပတ်ကို သေသေချာချာမမှတ်မိသော်လည်း ကားမောင်းလာသူမှာ မူးနေသည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။

ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ည ၈နာရီအချိန်ခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားတိုက်ခံရသူသည် သတိမေ့နေသောကြောင့် အောင်ရတနာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း တောင်ဥက္ကလာသတင်းပေ့ချ်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

သေဆုံးသူများမှာ ဒုရဲအုပ်ထင်အောင်ကျော်၊ နယ်ထိန်း ကျန်ကျောင်း၊ ရဲတပ်သား စိုးဇေယျာ၊ နတ်ထားရွာမှ ရဲမေသော်သော်မြင့် လင်မယားနှင့် အခြားရဲမေတစ်ဦးတို့ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။