Connect with us

Hi, what are you looking for?

News

တောင်ဥက္ကလာပတွင် ဘထ္ထရီစက်ဘီးနင်းသူကို အိမ်စီးကား တိုက်ပြီးမောင်း​ပြေး

ကားနံပတ်ကို သေသေချာချာမမှတ်မိသော်လည်း ကားမောင်းလာသူမှာ မူးနေသည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။

တောင်ဥက္ကလာပမြို့နယ် ပဒေသာလမ်းဆုံအနီးတွင် အိမ်စီးကားတစ်စီးက ဘထ္ထရီစက်ဘီးနင်းလာသူတစ်ဦးကိုအိမ်စီးကားတစ်စီးက တိုက်ပြီး ​မောင်းပြေးသွားကြောင်း ယင်းဖြစ်စဥ်ကိုမျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“Honda Insight တိုက်သွားတာ တိုက်ပြီးပြေးသွားတယ် ကောင်လေးကို Probox တစ်စီးက တင်ပြီးဆေးရုံပြေးမှ ပြန်လာတယ် ကားအရှေ့မှန်ရစရာကို မရှိဘူး အနောက်အမြီးလည်းကျိုးသွားတယ်”ဟု ယင်းဖြစ်စဥ်ကိုတွေ့မြင်ခဲ့သည့် အမျိုးသားကပြောသည်။

ကားနံပတ်ကို သေသေချာချာမမှတ်မိသော်လည်း ကားမောင်းလာသူမှာ မူးနေသည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။

ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ည ၈နာရီအချိန်ခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားတိုက်ခံရသူသည် သတိမေ့နေသောကြောင့် အောင်ရတနာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း တောင်ဥက္ကလာသတင်းပေ့ချ်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

သတင်း

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။