Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်တွင်းကြီးတွင် ဆက်သွယ်ရေးရုံးနှင့် စည်ပင်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် MDA-နဂါးတပ်ဖွဲ့ (မကွေး)နှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံကောင်းလည်း ဖော်ပြထားသည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၃ရက်)နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို MDA-နဂါးတပ်ဖွဲ့နှင့်အတူ ပူး ပေါင်းလက်တွဲ ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ရုံးများကို ဗုံးဖြင့်တိုက်ခိုက်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးရုံးဝန်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေခြင်းနှင့် စစ်ကောင်စီလက် အောက်ခံ စည်ပင်ဝန်ထမ်းများသည်လည်း အသံတိတ် သပိတ် Silent Strike တွင် ပါဝင်ခဲ့ကြသော မြို့နယ်အတွင်းရှိ ဈေးဆိုင်မျာကို ဖိအားပေးမတရားမှုများလုပ်ဆောင်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် MDA-နဂါးတပ်ဖွဲ့ (မကွေး)နှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံကောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။

သတင်း

ယနေ့(ဇန်နဝါရီ ၁၀)ညနေ ၃နာရီခန့်က ထောက် ကြန့်စည်ပင်ရုံး ဘန်ကာအတွင်းရှိ စစ်ကောင်းစီတပ်သားများအား လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီတပ်သားများလည်း ထိခိုက် မှုရှိနိုင်သည်ဟု ဆိုသည်။

သတင်း

ပြည်သူကိုဆက်လက်ဒုက္ခပေးနေပါကလုံးဝ ငဲ့ညှာတော့မည်မဟုတ်ကြောင်း ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGFက သတိပေးသည်။