Connect with us

Hi, what are you looking for?

News

တောင်တွင်းကြီးတွင် ဆက်သွယ်ရေးရုံးနှင့် စည်ပင်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် MDA-နဂါးတပ်ဖွဲ့ (မကွေး)နှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံကောင်းလည်း ဖော်ပြထားသည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၃ရက်)နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို MDA-နဂါးတပ်ဖွဲ့နှင့်အတူ ပူး ပေါင်းလက်တွဲ ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ရုံးများကို ဗုံးဖြင့်တိုက်ခိုက်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးရုံးဝန်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေခြင်းနှင့် စစ်ကောင်စီလက် အောက်ခံ စည်ပင်ဝန်ထမ်းများသည်လည်း အသံတိတ် သပိတ် Silent Strike တွင် ပါဝင်ခဲ့ကြသော မြို့နယ်အတွင်းရှိ ဈေးဆိုင်မျာကို ဖိအားပေးမတရားမှုများလုပ်ဆောင်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် MDA-နဂါးတပ်ဖွဲ့ (မကွေး)နှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံကောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

လက်ဖက်ရည်ဆိုင်လုပ်သားနှင့် တောင်သူဖြစ်ပြီး အရပ်သားဘ၀ဖြင့်နေလို၍ အလင်းဝင်လာဟုဆို

သတင်း

တိုက်ခိုက်မှုဖြစ်ပြီးချိန်၌ စစ်ကားနှင့် ရဲကားများအပြင် လူနာတင်ယာဉ် သုံးစီးရောက်ရှိလာသည်ဟု ဒေသခံ သတင်းဖော်ပြပေးနေသည့် ချန်နယ်များ၌ ရေးသားထားသည်။

သတင်း

ပြည်သူ့များ၏ နေအိမ်များကို မတရားသဖြင့် ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ခဲ့သည်။