Connect with us

Hi, what are you looking for?

သတင်း

တောင်တွင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကားတိုက်ခိုက်ရာ ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ ယာဉ်တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - Screengrab)

ဇွန်-၁၆၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

တောင်တွင်းကြီးမြို့ ဆက်သွားကျေးရွာဘက်ကနေ စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၄ ဦးလိုက်ပါလာတဲ့ အိမ်စီးကားကို ကိုးပင်-ဆက်သွားလမ်းပိုင်းတနေရာမှာ ဇွန်လ ၁၅ ရက်က တော်လှန်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၂ဦး သေဆုံးပြီး G3 ၁ လက်၊MA3 ၁ လက်နဲ့ MA5 ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ကား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ပကဖတွေ စုဖွဲ့ထားတဲ့ ရိုးမဖိုက်တာစစ်ကြောင်းနဲ့အတူ သရက်ခရိုင် အမှတ် (၅)တပ်ရင်း၊မကွေးမြို့နယ် ပကဖ ၊ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို သရက်ခရိုင်တပ်ရင်း(၅)နဲ့ တောင်တွင်းကြီးမြို့နယ်က ကာကွယ်ရေးအဖွဲ့တွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း တောင်တွင်းကြီးမြို့နယ်က အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ- ၁၈) ဗိုလ်ကြီး နဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ယာဉ်တန်းတွေ ကြားဖြတ်တိိုက်ခိုက်ခံရဖူးပါတယ်။

အဲဒါအပြင် ၂၀၂၆ ဇန်နဝါရီကလည်း နေပြည်တော် -တောင်တွင်းကြီးရထားလမ်းပိုင်းအနီးမှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုအတွင်းမှာလည်း ၄ ဦးသေပြီး လက်နက်တွေသိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook