Connect with us

Hi, what are you looking for?

သတင်း

တောင်တွင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကားတိုက်ခိုက်ရာ ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ ယာဉ်တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - Screengrab)

ဇွန်-၁၆၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

တောင်တွင်းကြီးမြို့ ဆက်သွားကျေးရွာဘက်ကနေ စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၄ ဦးလိုက်ပါလာတဲ့ အိမ်စီးကားကို ကိုးပင်-ဆက်သွားလမ်းပိုင်းတနေရာမှာ ဇွန်လ ၁၅ ရက်က တော်လှန်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၂ဦး သေဆုံးပြီး G3 ၁ လက်၊MA3 ၁ လက်နဲ့ MA5 ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ကား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ပကဖတွေ စုဖွဲ့ထားတဲ့ ရိုးမဖိုက်တာစစ်ကြောင်းနဲ့အတူ သရက်ခရိုင် အမှတ် (၅)တပ်ရင်း၊မကွေးမြို့နယ် ပကဖ ၊ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို သရက်ခရိုင်တပ်ရင်း(၅)နဲ့ တောင်တွင်းကြီးမြို့နယ်က ကာကွယ်ရေးအဖွဲ့တွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း တောင်တွင်းကြီးမြို့နယ်က အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ- ၁၈) ဗိုလ်ကြီး နဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ယာဉ်တန်းတွေ ကြားဖြတ်တိိုက်ခိုက်ခံရဖူးပါတယ်။

အဲဒါအပြင် ၂၀၂၆ ဇန်နဝါရီကလည်း နေပြည်တော် -တောင်တွင်းကြီးရထားလမ်းပိုင်းအနီးမှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုအတွင်းမှာလည်း ၄ ဦးသေပြီး လက်နက်တွေသိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။