Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ထိုင်းက​နေ ​နေရပ်ပြန်လုပ်သား​တွေ အဝင်ကန့်သတ်လိုက်လို့အခက်​တွေ့​နေ

ဒါပေမဲ့ ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ဖို့ဆိုပြီး အခုနောက်ပိုင်းမှာတော့ တစ်ပတ်ကို ရွှေ့ပြောင်းလုပ်သား အယောက် ၂၀၀ နှုန်းနဲ့ တစ်ပတ်ကို တစ်ကြိမ်သာ ပြန်လည်လက်ခံပေးသွားမှာဖြစ်တယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

မြဝတီမြို့ ထိုင်းမြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်ကနေ နေရပ်ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုအဝင်ကိုအ​ရေအတွက်ကန့်သတ်လိုက်တာ​ကြောင့် အလုပ်သမားတွေ အခက်အခဲများစွာ ကြုံနေရတယ်လို့ သိရပါတယ်။

အရင်က ထိုင်း- မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ နေရပ်ပြန်မြန်မာလုပ်သားတွေကို တစ်ရက်ခြားကို အယောက် ၅၀၀ နှုန်းနဲ့ စစ်ကောင်စီက လက်ခံပေးခဲ့တာပါ။

ဒါပေမဲ့ ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ဖို့ဆိုပြီး အခုနောက်ပိုင်းမှာတော့ တစ်ပတ်ကို ရွှေ့ပြောင်းလုပ်သား အယောက် ၂၀၀ နှုန်းနဲ့ တစ်ပတ်ကို တစ်ကြိမ်သာ ပြန်လည်လက်ခံပေးသွားမှာဖြစ်တယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတစ်ဆင့် ထိုင်းက မြန်မာဘက်ကို လွဲပြောင်းပို့ဆောင်ရာမှာ မြန်မာဘက်က လက်မခံလို့ ထိုင်းအာဏာပိုင်တွေ ပြန်ခေါ်သွားပြီး အချုပ်ထဲမှာ ပြန်လည်ထိန်းသိမ်းခဲ့ရတယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ချစ်ကြည်ရေးတံတားထဲမှာ မြန်မာနိုင်ငံသားတွေကို ထိုင်းလဝက သွားပြန်ပို့တယ်။ ဒါပေမဲ့ မြန်မာဘက်က လက်မခံဘူးပေါ့။ လက်မခံတော့ မြန်မာနိုင်ငံသားတွေ အားလုံးကို ထိုင်းလဝက ပြန်ခေါ်လာရတယ်။ အဲ့လိုပြန်ခေါ်လာပြီးတော့ မြန်မာနိုင်ငံသားတွေကို ထိုင်းလဝက အချုပ်ထဲမှာပြန်လာထည့်ပြီးချုပ်ထားရတယ်။ အဲ့တော့ ကိုယ့်နိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကိုပြန်တာကို မြန်မာဘက်က လက်မခံတဲ့အခါကျတော့ မြန်မာနိုင်ငံသားတွေပဲ ပိုပြီးတော့ ဒုက္ခရောက်ကြတယ်။

ဒါပေမဲ့ မဲဆောက် အလုပ်သမားသံအရာရှိရဲ့ ပြောကြားချက်အရ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀၀ ကျော် အချုပ်ထဲမှာရှိနေတယ်ဆိုတာ မဟုတ်ပဲ နေရပ်ပြန်လို့မရသေးတဲ့ ရွှေ့ပြောင်းလုပ်သား အယောက် ၅၀ ကျော်သာ ထိုင်းလဝက စခန်းထဲမှာ ရှိနေပြီး လာမယ့် စနေ့နေ့မှာ ပြန်ခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

” ထိုင်းလဝကအစီအစဉ်နဲ့ ပြန်လာတဲ့သူတွေ ပို့တဲ့သူတွေပေါ့။ ပြန်လို့မရလို့ အချုပ်ထဲရောက်နေတယ်ဆိုတာတော့ မရှိဘူးဗျ။ လဝက အစီအစဉ်နဲ့ပြန်လာပြီးတော့ ဒီဘက်မှာ လောလောဆယ် ယာယီတံတားပိတ်ထားအတွက်ကြောင့်မို့လို့ ပေါ့ လောလောဆယ်လဝက ဝင်းထဲက Camp မှာနေရတာပေါ့နော်။ အဲ့ဒီဟာတော့ ၅၀ ကျော်လောက်ရှိတယ် စနေနေ့မှာပြန်ရပါမယ်” လို့ မဲဆောက်အလုပ်သမားသံအရာရှိက ပြောပါတယ်။

လက်ရှိ ထိုင်းလဝအချုပ်စခန်းမှာ နေရပ်ပြန်မယ့် မြန်မာရွှေ့ပြောင်းလုပ်သား ရာဂဏန်းဝန်းကျင်ခန့်ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။