Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်းဝန်ကြီးနှစ်ဦး၏ ယာဥ်တန်း တိုက်ခိုက်ခံရ

“သူတို့လာတာ ကား၇စီးပါ၊ ၃စီမြောက်ကားကို ခွဲတဲ့အချိန်မှာဘဲ နောက်က ကားကဆင့်တိုက်ပါတယ်။ဘေးက ဆောက်လက်စ တိုးဂိတ်အစောက်အဦးကိုလဲ တိုက်မိကြပါတယ်”ဟု ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်း ​မှော်ဘီမြို့နယ်ရှိ မြောင်းတကာစက်မှုဇုံသို့ လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီလက်အောက် ခံ တိုင်းဝန်ကြီးနှစ်ဦး ယာဥ်တန်းကို မှော်ဘီ PDFဖြင့်ပူးပေါင်းကာ အဝေးထိန်းဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မှော်ဘီ့ရင်သွေးတပ်မှ တာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ အတည်ပြုသည်။

“ဖြစ်စဉ်ကတော့ ကျွန်​တော်တို့ သူတို့အလာကို စောင့်ပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့အဆင်မပြေခဲ့ပါဘူး။အဲ့ဒါကြောင့် အပြန်မှ တိုက်ခိုက်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ယ​နေ့(ဒီဇင်ဘာ ၁၄ ရက်) နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့ မြို့ချောင်းလမ်းဆုံ တိုးဂိတ်အနီး၌ ဖောက်ခွဲမှူပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးနှင့် လျှပ်စစ်ဝန်ကြီးတို့လိုက်ပါလာသည်ဟု ယူဆရသည့်ကားများကို အဝေးထိန်းဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့လာတာ ကား၇စီးပါ၊ ၃စီမြောက်ကားကို ခွဲတဲ့အချိန်မှာဘဲ နောက်က ကားကဆင့်တိုက်ပါတယ်။ဘေးက ဆောက်လက်စ တိုးဂိတ်အစောက်အဦးကိုလဲ တိုက်မိကြပါတယ်”ဟု ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ခရီးစဥ်တွင် ရန်ကုန်တိုင်း စီးပွား​ရေးဝန်ကြီး ဦး​အောင်သန်းဦးနှင့် သယံဇာတ​ရေးရာဝန်ကြီးဦး​ဇော်ဝင်းတို့ လိုက်ပါလာခြင်းဟု ​ပြောဆို​နေကြ​သော်လည်း လူထု​နွေဦးက အတည်မပြုနိုင်​ပေ။

အဆိုပါ ဝန်ကြီးများသည် မြောင်းတကာစက်မှုဇုံသို့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များဆောင်ရွက်ရန် ကွင်းဆင်းလေ့လာခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ တိုင်းပြည်သယံဇာတများ ၊အလုပ်သမား ပြည်သူများအပေါ် ခေါင်းပုံဖြတ်မည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုများကို အလိုမရှိကြောင်း မှော်ဘီ့ရင်သွေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။