Connect with us

Hi, what are you looking for?

News

လှိုင်သာယာ ပြောက်ကျားတပ် CGF – HTY တပ်ခွဲခေါင်းဆောင်အပါအဝင် ၉ ဦးဖမ်းဆီးခံရ

အထက်ပါ ပေါက်ကွဲမှုဖြစ်စဥ်အတွင်း ဖမ်းဆီးခံရသော ရဲဘော်နှစ်ဦးနှင့် ဆက်စပ်ပြီး လှိုင်သာယာ (၁၄)ရပ်ကွက်ရှိ CGF – HTY အဖွဲ့ ခိုလှုံရာအိမ်တစ်လုံး ထပ်မံဝင်အစီးခံရသည့်အပြင် တပ်ခွဲခေါင်းဆောင်အချို့ပါ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့(CGF – HTY)မှ တပ်ခွဲခေါင်းဆောင်အပါအဝင် ၉ ဦးဖမ်းဆီးခံခဲ့ရကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ အတည်ပြုသည်။

လှိုင်သာယာမြို့နယ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် CGF – HTY အဖွဲ့ဝင်အချို့မှ တိုက်ခိုက်ရေးပစ္စည်းများစမ်းသပ်စဥ် ပေါက်ကွဲမှဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်တော်လှရေးရဲဘော်နှစ်ဦး စတင်အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဖြစ်စဉ်ကတော့ အဲလိုပါပဲ။ အသေးစိတ်ကတော့ ကျွန်တော်တို့ နောက်မှ ထုတ်ပြန်မှာပါ”ဟု CGF – HTY မှ တာဝန်ရှိသူက ​ပြောသည်။

အထက်ပါ ပေါက်ကွဲမှုဖြစ်စဥ်အတွင်း ဖမ်းဆီးခံရသော ရဲဘော်နှစ်ဦးနှင့် ဆက်စပ်ပြီး လှိုင်သာယာ (၁၄)ရပ်ကွက်ရှိ CGF – HTY အဖွဲ့ ခိုလှုံရာအိမ်တစ်လုံး ထပ်မံဝင်အစီးခံရသည့်အပြင် တပ်ခွဲခေါင်းဆောင်အချို့ပါ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ခိုလှိုအိမ်များကို ဝင်ရောက်စီးနင်းခံရသည့်နောက် လှိုင်သာယာမြို့ ကျန်စစ်သားလမ်းမကြီး မူကြိုလမ်းဆုံတွင် အရပ်ဘက်သုံးယာဥ်နှစ်စီးဖြင့် စစ်ကောင်စီတပ်များက CGF – HTY တပ်ဖွဲ့ဝင်နှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီး ထပ်မံ ဖမ်းဆီးသွားခဲ့သည်။

“ရဲဘော် နှစ်ယောက်ကို ကားနဲ့ တိုက်ဖမ်းတယ်ဗျ။ အဲထဲက တစ်ယောက်က စိုးရိမ်ရတဲ့ အနေထားမှာရှိပါတယ်” ဟု CGF – HTYမှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုများ၊ အသက် ​အသက်ဘေးနှင့်ကြုံရမှုများရှိခဲ့သော်လည်းCGF – HTY ၏ ရဲဘော်အချို့နှင့် ဦးဆောင်သူမှာ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြောင်း ၎င်းတို့က အသိပေးထားသည်။

ထို့အပြင် ထိခိုက်ဆုံးရှုံးမှုနှင့် ပေးဆပ်ရမှုများ မည်သို့ပင်ရှိပါစေ CGF HTY အနေဖြင့် အမြန်ဆုံးပြန်လည်နိုးထပြီး စစ်အာဏာရှင်အား ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းတို့ကအသိပေး ကြေညာသည်။

အလားတူ CGF – HTY ၏မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သော Yangon Federal Army – YFA ကလည်း CGF – HTY နှင့်ပူးပေါင်း၍ မဟူရာစစ်ဆင်ရေးအား ဆက်လက်အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့(CGF – HTY)၏တပ်ဖွဲ့ဝင်များနှင့် တပ်ခွဲခေါင်းဆောင်များသည် ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook