Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူ​တွေအတွက် ဂျာမဏီက WFPထံ ယူရို၃ သန်း ​ထောက်ပံ့

WFPသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိဟုလည်း ဂျာမဏီသံရုံးက ဆိုထားသည်။

မြန်မာပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် WFPကို ဂျာမဏီနိုင်ငံက ယူရို ၃သန်း ထပ်တိုးထောက် ပံ့လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံရုံးက ထုတ်ပြန်ကြေညာသည်။

WFP(မြန်မာ)သည် မြို့ပြဒေသရှိ ပြည်သူ ၂သန်းကျော်ကို ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်ရည်မှန်းထား၍ ဂျာမဏီက ယခုကဲ့သို့ ထပ်မံပံ့ပိုးရခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် အသက်ရှင်နေထိုင်ရန် ခက်ခဲနေများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

WFPသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိဟုလည်း ဂျာမဏီသံရုံးက ဆိုထားသည်။

Public Service Announcement

Public Service Announcement

ဂျာမဏီက မြန်မာပြည်သူများအတွက် အခြေခံလိုအပ် ချက်များကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA)၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာ​ထောက်ထားမှု ရံပုံငွေအတွက် ယူရို ၂ သန်းကိုလည်း တိုးမြှင့်ထောက်ပံ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင်ကြေညာခဲ့သည်။

ဂျာမဏီက မြန်မာပြည်သူများကို ကူညီရန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့် ပမာဏကို ၂၀၂၁တွင် နှစ်ဆထပ်ပို၍ တိုးမြှင့်ခဲ့သည်ဟုလည်း ဂျာမဏီသံရုံးက ထုတ်ပြန်ထားသည်။

၂၀၂၁တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀% ခန့် ကျဆင်းသွားမည်ဖြစ်ပြီး ဆင်းရဲမွဲတေသည့် လူဦးရေသည်လည်း နှစ်ဆတိုးသွားနိုင်သည်ဟု ကုလသမဂ္ဂက ဆိုထားသည်။

ထို့အပြင် ၂၀၂၂တွင် လူဦးရေ ၁၄ သန်းခန့်သည် အကူ အညီအထောက်အပံ့ လိုအပ်လာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

၂၀၂၃နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ရောက်ရှိသွားခဲ့ရာ စစ်ရေးအရတော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။