Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူ​တွေအတွက် ဂျာမဏီက WFPထံ ယူရို၃ သန်း ​ထောက်ပံ့

WFPသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိဟုလည်း ဂျာမဏီသံရုံးက ဆိုထားသည်။

မြန်မာပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် WFPကို ဂျာမဏီနိုင်ငံက ယူရို ၃သန်း ထပ်တိုးထောက် ပံ့လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံရုံးက ထုတ်ပြန်ကြေညာသည်။

WFP(မြန်မာ)သည် မြို့ပြဒေသရှိ ပြည်သူ ၂သန်းကျော်ကို ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်ရည်မှန်းထား၍ ဂျာမဏီက ယခုကဲ့သို့ ထပ်မံပံ့ပိုးရခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် အသက်ရှင်နေထိုင်ရန် ခက်ခဲနေများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

WFPသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိဟုလည်း ဂျာမဏီသံရုံးက ဆိုထားသည်။

Public Service Announcement

Public Service Announcement

ဂျာမဏီက မြန်မာပြည်သူများအတွက် အခြေခံလိုအပ် ချက်များကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA)၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာ​ထောက်ထားမှု ရံပုံငွေအတွက် ယူရို ၂ သန်းကိုလည်း တိုးမြှင့်ထောက်ပံ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင်ကြေညာခဲ့သည်။

ဂျာမဏီက မြန်မာပြည်သူများကို ကူညီရန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့် ပမာဏကို ၂၀၂၁တွင် နှစ်ဆထပ်ပို၍ တိုးမြှင့်ခဲ့သည်ဟုလည်း ဂျာမဏီသံရုံးက ထုတ်ပြန်ထားသည်။

၂၀၂၁တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀% ခန့် ကျဆင်းသွားမည်ဖြစ်ပြီး ဆင်းရဲမွဲတေသည့် လူဦးရေသည်လည်း နှစ်ဆတိုးသွားနိုင်သည်ဟု ကုလသမဂ္ဂက ဆိုထားသည်။

ထို့အပြင် ၂၀၂၂တွင် လူဦးရေ ၁၄ သန်းခန့်သည် အကူ အညီအထောက်အပံ့ လိုအပ်လာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။