Connect with us

Hi, what are you looking for?

News

KNLA တပ်မဟာ ၆ နဲ့ စစ်​ကောင်စီကြား ဒီည​နေပိုင်းကပစ်ခတ်မှု​တွေရှိ

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှတော့ ပုလိန်အနီးက အဘစ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတယ်လို့ သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာမှာ ဒီနေ့ညနေ ၃ နာရီက KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ညနေ ၃ နာရီအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ပုလိန်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ကားတစ်စီးနဲ့ နယ်မြေကျော်လွန်ရောက်ရှိလာလို့ နှစ်ဖက်ပစ်ခတ်မှု ခဏဖြစ်ပွါးခဲ့တာပါ။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှတော့ ပုလိန်အနီးက အဘစ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့အနီး အာရှလမ်းမပေါ်မှာ ဒီနေ့ည ၆ နာရီအချိန်ကစပြီး ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရတယ်လို့ ​ဒေသခံ​တွေဆီက သိရပါတယ်

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook