Connect with us

Hi, what are you looking for?

News

ဒါရိုက်တာ ကိုပေါက်၏ ဇနီးနေအိမ် သေနတ်ဖြင့် ပစ်ခံရ

Honda Fit အဖြူရောင် ကားတစ်စီးပေါ်မှ နေအိမ်ကို ယနေ့(ဒီဇင်ဘာ၁၇)ည ၈ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒါရိုက်တာ ကိုပေါက်၏ ဇနီးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်၍ ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၂)ရပ်ကွက် ရွှေပြည်သာ (၂)လမ်းရှိ ဒါရိုက်တာ ကိုပေါက်၏ ဇနီးနေအိမ်ကို ကားတစ်စီးဖြင့်လာရောက်၍ သေနတ်ဖြင့်ပစ်ခတ်မှု ယနေ့ညတွင် ဖြစ်ပွားခဲ့သည်။

Honda Fit အဖြူရောင် ကားတစ်စီးပေါ်မှ နေအိမ်ကို ယနေ့(ဒီဇင်ဘာ၁၇)ည ၈ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒါရိုက်တာ ကိုပေါက်၏ ဇနီးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်၍ ပြောသည်။

“ကျွန်မအိမ်ကိုသေနတ်နဲ့လာပစ်သွားလို့ပါ။ ကားတွေလည်းကျည်ဆံတွေထိသွားပါတယ် “ဟု ၎င်းက ပြောသည်။

သို့သော် လူထိခိုက်ဒဏ်ရာမရခဲ့ကြောင်း၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းနေအိမ်၌ ဒါရိုက်တာကိုပေါက်၏ ဇနီက ၎င်း၏ မိဘများ ၊ သားသမီးများနှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မျှပတ်သက်ခြင်းမရှိဘဲ ယင်းကဲ့သို့လုပ်ဆောင်သည့်အပေါ် ကူညီပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ခင်ပွန်းဖြစ်သူ ဒါရိုက်တာကိုပေါက် အိမ်ပေါ်မှဆင်းသွားသည့်အချိန်ကတည်းက အဆက်အသွယ် မရှိတော့ကြောင်းလည်း ၎င်းက ပြောသည်။

“ကယ်ကြပါဦးရှင်။ ကျွန်မတို့မဟုတ်တာ ဘာတစ်ခုမှမလုပ်ထားပါဘူး”ဟု ၎င်းက အကူအညီတောင်းခဲ့သည်။

ပစ်ခတ်မှုဖြစ်ချိန်၌ ၎င်းက Live လွှင့်ဈေးရောင်းနေခြင်းဖြစ်ပြီး ကျဥ်ခွံများလည်း အိမ်ရှေ့၌ ကျန်ခဲ့ကြောင်း ပြောသည်။

ယခင်ကလည်း ကိုပေါက်၏ ဇနီးသည် ခင်ပွန်းဖြစ်သူနှင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းများကို လှူဒါန်းမှုများပြုလုပ်သည်ဆိုသည့် သတင်းအမှားများ ဖြန့်ချီတိုက်ခိုက်မှုများရှိခဲ့သောကြောင့် ကိုပေါက်၏ ဇနီးက ဈေးရောင်းသည့်ပေ့ချ်၌ ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

Facebook