Connect with us

Hi, what are you looking for?

News

ညောင်​လေးပင်ခရိုင်ထဲ ကျန်းမာ​ရေး​စောင့်​ရှောက်မှုလို​နေသူ​တွေကို ကုသမှု​ပေး

ဒီဇင်ဘာ ၁၂ ရက်က ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ကဦးဆောင်ပြီး ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ဝေဆွဲကျေးရွာထဲမှာ ဒေသခံပြည်သူ (၁၂၃) ဦးကို ကျန်းမာရေးစောင့်ရှောက် ကူညီမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်ထဲက ဒေသခံပြည်သူ ၂၂၀ ဦးကို ကျန်းမာရေးစောင့်ရှောက်ကူညီမှု ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ကရင်လူမှုရေးရာ ( ညောင်လေးပင်ခရိုင်)အဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ကဦးဆောင်ပြီး ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ဝေဆွဲကျေးရွာထဲမှာ ဒေသခံပြည်သူ (၁၂၃) ဦးကို ကျန်းမာရေးစောင့်ရှောက် ကူညီမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၅ ကနေ ၁၇ ရက်အထိ မုန်းမြို့နယ် တောင်ပေါ်ဒေသမှာရှိတဲ့ ယူလိုကျေးရွာက ဒေသခံပြည်သူ (၉၇) ဦးကို ကျန်းမာရေးစောင့်ရှောက် ကူညီမှုပေးနိုင်ခဲ့တယ်လို့​ပြောပါတယ်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ဟာ ဒေသတွင်းက ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး စေတနာရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ အခုလို ကျန်းမာရေးစောင့်ရှောက်ကူညီမှု ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

News

စစ်ကောင်စီ၏ ကား ၃၀စီးထဲမှ ၁၂ စီးသည် စစ်၏ စားနပ်ရိက္ခာများကိုတင်ဆောင်ပြီး ၁၈စီးသည် မြင်း အကောင် ၁၀၀ ခန့် ကိုတင်ဆောင်ခဲ့သည်။

News

ပိုင်တံခွန်၏ ပုဒ်မ ၅၀၅- က အမှုနှင့်ပတ်သက်ပြီး အင်းစိန်အကျဥ်း​ထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်​ဆေးစဥ် ဒဂုံမြို့သစ်​မြောက်ပိုင်းတရားသူကြီးက ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ပိုင်တံခွန်၏ ဥပ​ဒေအကြံ​ပေး ဦးခင်​မောင်မြင့်က လူထု​နွေဦးသို့ အတည်ပြုသည်။

News

နှစ်ရက်တာအတွင်းမှာ ကျောက်ကြီးမြို့နယ်ထဲက ပတလာကျေးရွာ၊ ဟီးဖိုးဒဲကျေးရွာ၊ တောခိုကျေးရွာနဲ့ ပအောတောကျေးရွာ ၄ ရွာက ဒေသခံပြည်သူ (၁၆၈)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။