Connect with us

Hi, what are you looking for?

LuduNwayOo

News

ပိုင်တံခွန် အလုပ်ကြမ်းနှင့် ​ထောင်သုံးနှစ်ချခံရ၊ ကျန်းမာ​ရေး​ကောင်းမွန်ဟုဆို

ပိုင်တံခွန်၏ ပုဒ်မ ၅၀၅- က အမှုနှင့်ပတ်သက်ပြီး အင်းစိန်အကျဥ်း​ထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်​ဆေးစဥ် ဒဂုံမြို့သစ်​မြောက်ပိုင်းတရားသူကြီးက ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ပိုင်တံခွန်၏ ဥပ​ဒေအကြံ​ပေး ဦးခင်​မောင်မြင့်က လူထု​နွေဦးသို့ အတည်ပြုသည်။

နာမည်​ကျော်သရုပ်​ဆောင် ပိုင်တံခွန်ကို ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ စစ်​ကောင်စီ၏ လက်ပါး​စေ တရားသူကြီးက ယ​နေ့(ဒီဇင်ဘာ၂၇)တွင် အလုပ်ကြမ်းနှင့် ​ထောင်ဒဏ်၃နှစ် ချမှတ်လိုက်သည်။

ပိုင်တံခွန်၏ ပုဒ်မ ၅၀၅- က အမှုနှင့်ပတ်သက်ပြီး အင်းစိန်အကျဥ်း​ထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်​ဆေးစဥ် ဒဂုံမြို့သစ်​မြောက်ပိုင်းတရားသူကြီးက ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ပိုင်တံခွန်၏ ဥပ​ဒေအကြံ​ပေး ဦးခင်​မောင်မြင့်က လူထု​နွေဦးသို့ အတည်ပြုသည်။

“တကယ်​တော့ ဒီ​နေ့က သူ့ကိုအမိန့်ချရမှာ မဟုတ်​သေးဘူး။ အမိန့်ချဖို့ သုံးချိန်း​လောက်လို​သေးတယ်။ ဒီ​နေ့မှာ တရားလိုပြသက်​သေက မလာ​တော့ တရားသူကြီးက ပိုင်တံခွန်ကို​ခေါ်တယ်။ ဓာတ်ပုံပြပြီး​တော့ ဒီပုံတိုင်းထဲကအတိုင်း ဆန္ဒပြရာမှာပါလား​မေးတယ်။ ပိုင်တံခွန်ကပါတယ်လို့​ ပြော​တော့။ အဲဒါဆို ဆက်စစ်စရာမလို​တော့ဘူးဆိုပြီး အမိန့်ချလိုက်တာ” ဟု ၎င်းက ​ပြောသည်။

ချုပ်ရက်များနှုတ်ထုတ်ခံစားခွင့်ရရှိပြီး ကျန်းမာ​ရေးလည်း ​ကောင်းမွန်​ကြောင်း ဦးခင်​မောင်မြင့်က ​ပြော သည်။

Public Service Announcement

Public Service Announcement

သရုပ်​​ဆောင် ပိုင်တံခွန်ကို အာဏာသိမ်းစစ်​ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဧပြီ ၈ရက်တွင် ​ဒဂုံမြို့သစ်​မြောက်ပိုင်းရှိ ​နေအိမ်တွင် မတရားဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

သတင်း

G Fatt သည်လွတ်​​မြောက်နယ်မြနှင့် ပြည်ပသို့ပင်သွား​ရောက်နေထိုင်ခဲ့ပြီးနောက် စစ်ကောင်စီထံ ခံဝန်ထိုးကာ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပရိသတ်များရှေ့သို့ ပထမဆုံးပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။

သတင်း

ချောင်းသာဒေသခံကိုဝေယံဖြိုးသည် ဇန်နဝါရီလ ၆ ရက်က ပုသိမ်အကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက်​သောဖြစ်စဥ်တွင် ကျဆုံးခဲ့​​​ခြင်းဖြစ်သည်။

သတင်း

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။