Connect with us

Hi, what are you looking for?

News

Samsung ၊ LG အပါအဝင် တောင်ကိုရီးယားကုမ္ပဏီများ စစ်ကောင်စီနှင့် တိတ်တဆိတ် တွေ့ဆုံ

ဖေဖော်ဝါရီ အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို နောက်ဆက်တွဲအကြမ်းဖက်မှုများအပေါ် လူ့အခွင့်အရေးရှေ့နေ တောင်ကိုရီးယားသမ္မတ Moon Jae-in အစိုးရက ပြစ်တင်ရှုတ်ချထားသည့်တိုင် အထက်ပါတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

‐ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝေဖန်

Samsung နှင့် LG အပါအဝင် တောင်ကိုရီးယားကုမ္ပဏီများသည် မြန်မာစစ်ကောင်စီအရာရှိများနှင့် ပြီးခဲ့သည့်နိုဝင်ဘာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Financial Times သတင်းဌာနက ရရှိသောအထောက်အထားများအရ သိရသည်။

မြန်မာနိုင်ငံရှိ တောင်ကိုရီးယားသံရုံး၏ ကမကထပြုမှုဖြင့် Samsung ၊ LG အပါအဝင် တောင်ကိုရီးယားကုမ္ပဏီများနှင့် စစ်ကောင်စီတို့အကြား အရာရှိအဆင့်တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့်လက ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့သည်ဟုဆိုသည်။

ဖေဖော်ဝါရီ အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို နောက်ဆက်တွဲအကြမ်းဖက်မှုများအပေါ် လူ့အခွင့်အရေးရှေ့နေ တောင်ကိုရီးယားသမ္မတ Moon Jae-in အစိုးရက ပြစ်တင်ရှုတ်ချထားသည့်တိုင် အထက်ပါတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အရပ်ဘက်အဖွဲ့အစည်းများနှင့် စစ်ကောင်စီကို ဆန့်ကျင်သော အဖွဲ့အစည်းရင်းနှီးမြှုပ်နှံသူများက စစ်ကောင်စီကို ဆက်ဆံခြင်းမပြုရန် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို တိုက်တွန်းထားသည်။ ပြည်တွင်းရှိ အလုပ်လုပ်ကိုင်ဆဲ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအများစုကလည်း စစ်ကောင်စီ အရာရှိများနှင့်တွေ့ဆုံနိုင်မည့်အခမ်းအနားကို ရှောင်ရှားကြသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖယ်ရှားခံခဲ့ရသည့်အချိန်ကစ၍ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့်ကုမ္ပဏီများ၊ လူပုဂ္ဂိလ်များကို ပစ်မှတ်ထားတာ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

တွေ့ဆုံမှုနှင့်ပတ်သက်၍ LG က ၎င်းတို့တက်ရောက်ခဲ့ခြင်းရှိ၊မရှိကို အတည်မပြုနိုင်ကြောင်း Financial Times ကို ဖြေကြားသည်။

ရန်ကုန်ရှိ တောင်ကိုရီးယားသံရုံးကမူ တုံ့ပြန်ဖြေကြားခြင်းမရှိဘဲ Samsung က မှတ်ချက်ပြုရန် ငြင်းဆို သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေး ဆိုခွင့်ရှိသူက “မြန်မာနိုင်ငံအခြေအနေ အစကတည်းက ကိုရီးယားအစိုးရဟာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီစနစ်ဆီပြန်သွားဖို့ကို တသမတ်တည်း တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေကို တက်ကြွစွာအားပေးထောက်ခံနေပါတယ်” ဟု Financial Times ကို ဖြေကြားသည်။

အထက်ပါဆွေးနွေးပွဲကျင်းပခဲ့သည့် Lotte Hotel ကို Posco က ထိန်းချုပ်ပိုင်ဆိုင်ပြီး စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။