Connect with us

Hi, what are you looking for?

News

မုံရွာနှင့် ယင်းမာပင်တွင်စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦး​သေ ၊ ၃ ဦးဒဏ်ရာရ

ချင်းတွင်းမြစ်တစ်​လျှောက်တိုက်ခိုက်မှုအား KPDF-1၊KPDF(KLG)၊ ရွှေတြိဂံတပ်ရင်း၊MPDFနှင့်YINMARBIN PDAစသည့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF-1) က ထုတ်ပြန်ထားသည်။

(ထ​နောင်း​တောသုဿန်စစ်ဆေးရေးဂိတ်မှ စစ်​ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်​နေစဥ်)

မုံရွာနှင့်ယင်းမာပင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာ နှစ်ရက်အတွင်း စစ်ကောင်စီဘက်က ဆယ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

မုံရွာ-အမြင့်လမ်း ထနောင်းတော သုဿန်စစ်ဆေးရေးဂိတ်ကို Monywa Phoenix Warriors အဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရသွားကြောင်း Monywa Phoenix Warriors အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်က ယင်းမာပင်မြို့တွင် ကျောက်မှော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ခဲ့ခြင်း​ဖြစ်သည်။

ချင်းတွင်းမြစ်ကမ်းဖြစ်​သော ယင်းမာပင်မြို့ ၊​ကျောက်​မော်​ကျေးရွာအနီးတွင်စစ်​​​ကောင်စီတပ်ကစတင်ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီး လက်နက်ငယ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်ရာလက်နက်ကြီးနှစ်ချက်ထိမှန်ပြီး စစ်​ကောင်စီတပ်​ရေယာဥ်
ဖလက်ခွံစက်ချို့ရွင်းသွားခဲ့သည်။ထိုတိုက်ပွဲတွင် KPDF-1 တာဝန်ယူထားသောပွိုင့်၌ စစ်​ကောင်စီတပ်သား ၁၀ ဦးထက်မနည်း​သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ချင်းတွင်းမြစ်တစ်​လျှောက်တိုက်ခိုက်မှုအား KPDF-1၊KPDF(KLG)၊ ရွှေတြိဂံတပ်ရင်း၊MPDFနှင့်YINMARBIN PDAစသည့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF-1) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။