Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ တပ်ကိုKNLA ကြားဖြတ်တိုက်ခိုက်စစ်ကောင်စီ ၂ဦးသေ၊ ၃ဦးဒဏ်ရာရ

စစ်ကောင်စီ၏ စစ်အင်အား တိုးမြှင့်စေလွှတ်ခြင်းများကြောင့် ဒေသခံပြည်သူလူထုမှာ စစ်ပွဲများဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြပြီး ဒေသခံအချို့မှာလည်း နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေကြ သည်။

(KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KNU)

အာဏာသိမ်းစစ်​ကောင်စီတပ်ကို ဒီဇင်ဘာ ၁၉ ရက်ည က
သထုံမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(KNLA)က ကြားဖြတ်ဆိုက်ခိုက်ရာ ၂ ဦး​သေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့​ကြောင်းKNU ကထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၉ရက်၊ ည ၇နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ပိန္နဲ တာ စခန်းမှ ဝင်းတာပန် BGFစခန်းသို့ စစ်ကြောင်း ချီတက်လာသော ​ခြေမြန်တပ်ရင်း -၄၁၀ (ခမရ-၄၁၀) တပ်ဖွဲ့ကိုသထုံမြို့နယ်၊ မင်းလွင်ကျေးနယ်အုပ်စု၊ (ကလယ်ခိုးနော်)တွင် KNLA တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ဖက်မှ ၂ဦးသေ ၃ဦးဒဏ်ရာရခဲ့ကာ KNLAဖက်မှ ထိခိုက်မှုမရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဒီဇင်ဘာလ (၁၇)ရက်နေ့က ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိကြသောင်းဆိပ်-BGFစခန်းအား KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ထို့ နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ BGF တပ်ဖွဲ့များမှ ဘီးလင်းမြို့နယ် အတွင်းရှိ ဝင်းတာပန် BGFစခန်း၊ လေးကေ BGFစခန်းများသို့ စစ်အင်အားတိုးမြှင့်ကာ တပ်လှုပ်ရှားမှုများပြုလုပ်​နေသည်ဟု KNU ကယ​နေ့ညတွင်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စစ်အင်အား တိုးမြှင့်စေလွှတ်ခြင်းများကြောင့် ဒေသခံပြည်သူလူထုမှာ စစ်ပွဲများဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြပြီး ဒေသခံအချို့မှာလည်း နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေကြ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။