Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မှာစစ်​ကောင်စီ ထပ်ပြီးစစ်အင်အားတိုးချဲ့

စစ်ကောင်စီတပ် ရောက်ရှိလာတာကြောင့် ကော့နွဲ့၊ ရွာသစ်ကုန်း၊ အံကလောင်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုဟာ ကြောက်လှန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ ကော့ကရိတ်မြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်မြို့နယ်ကော့နွဲ့ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်မှာ စစ်ရေးအင်အားတိုးချဲ့တာတွေ ထပ်လုပ်လာခဲ့တယ်လို့ ကေအဲန်ယူသတင်ရင်းမြစ်ထံကနေ သိရပါတယ်။

ဒီကနေ့ မနက် ၅ နာရီခွဲအချိန်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲ့ရွာထဲကို နယ်မြေကျော် ရောက်ရှိလာခဲ့တာပါ။

စစ်ကောင်စီတပ် ရောက်ရှိလာတာကြောင့် ကော့နွဲ့၊ ရွာသစ်ကုန်း၊ အံကလောင်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုဟာ ကြောက်လှန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ ကော့ကရိတ်မြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

မနေ့ကလည်း ကော့နွဲ့ကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၃၀ ခန့် ပစ်ခတ်တာတွေ လုပ်ခဲ့သေးတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook