စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်မြို့နယ်ကော့နွဲ့ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်မှာ စစ်ရေးအင်အားတိုးချဲ့တာတွေ ထပ်လုပ်လာခဲ့တယ်လို့ ကေအဲန်ယူသတင်ရင်းမြစ်ထံကနေ သိရပါတယ်။
ဒီကနေ့ မနက် ၅ နာရီခွဲအချိန်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲ့ရွာထဲကို နယ်မြေကျော် ရောက်ရှိလာခဲ့တာပါ။
စစ်ကောင်စီတပ် ရောက်ရှိလာတာကြောင့် ကော့နွဲ့၊ ရွာသစ်ကုန်း၊ အံကလောင်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုဟာ ကြောက်လှန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ ကော့ကရိတ်မြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

Public Service Announcement
မနေ့ကလည်း ကော့နွဲ့ကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၃၀ ခန့် ပစ်ခတ်တာတွေ လုပ်ခဲ့သေးတာဖြစ်ပါတယ်။
