Connect with us

Hi, what are you looking for?

News

ထားဝယ်မြို့နယ် အရှေ့တော့ဒေသတွင် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ

“မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့စီးနင်းလာသော Vigo နောက်ပိုင်း ထိခိုက်ပျက်ဆီးသွားပြီး အရှိန်ပြင်းစွားမောင်း‌‌ပြေးသွားသဖြင့် စစ်ခွေးများ၏ထိခိုက် သေဆုံးမှုကိုမသိရှိရပါ”ဟု DTF က ဆိုသည်။

တနသ်ာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တော့ဒေသတွင် စစ်ကောင်စီတပ်မှ ကားတစ်စီးအား မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Dawei Tiger Force(DTF)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

အရှေ့တောဒေသ ရေဝိုင်း-ပကာရီလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့စီးနင်းလာသော Vigo အမျိုးအစား ယာဥ်တစ်စီးအား ယမန်နေ့(ဒီဇင်ဘာ ၂၂) ည ၉ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့စီးနင်းလာသော Vigo နောက်ပိုင်း ထိခိုက်ပျက်ဆီးသွားပြီး အရှိန်ပြင်းစွားမောင်း‌‌ပြေးသွားသဖြင့် စစ်ခွေးများ၏ထိခိုက် သေဆုံးမှုကိုမသိရှိရပါ”ဟု DTF က ဆိုသည်။

ထို့အပြင် တိုက်ခိုက်ရေးလုပ်ဆောင်မှုသည် DTF နှင့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့များနှင့်သာသက်ဆိုင်ပြီး ရပ်ရွာနေပြည်သူများနှင့် လုံး၀မသက်ဆိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ခွေးတွေ(စစ်ကောင်စီတပ်)က ရပ်ရွာပြည်သူကို ဒုက္ခပေးလို့ ခုလိုအသိပေးထားတာပါ။ ဥပမာပေးရရင် ကုလားမနိုင်ရခိုင်မဲတယ်ဆိုရိုးစကားတိုင်း ကျွန်တော်တို့လုပ်တာ သူတို့ကပြည်သူကို မဲပြီးပြန်ရန်မူကြလို့”ဟု DTF မှ ဗိုလ်ကျားက ပြည်သူနှင့်မသက်ဆိုင်ဆိုသည့်အပေါ် မှတ်ချက်ပေးသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုနှင့် ဒေသတွင်း စစ်အင်အားတို့ချဲ့လာမှုတို့ကြောင့် ထားဝယ်ဒေသကာကွယ်ရေးတပ်များနှင့် စစ်ရေးတင်းမာလာသည့်အခြေအနေတွင်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဘက်မှ ဒေသခံများအပေါ် ပစ်မှတ်ထား အကြမ်းဖက်လုပ်ဆောင်နေမှုကြောင့် တံခွန်တိုင် ပြင်ရွာအနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။