Connect with us

Hi, what are you looking for?

News

ဘီးလင်းတွင် စစ်​ကောင်စီ၏ ခလရ(၁၀၁)တပ်ရင်းက အသက်(၆၀)အရွယ်အဘွားကို ပစ်သတ်

ထိုအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်က ကတိုင်တီ ကျေးရွာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ် နှင့် အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းစခန်းမှ အင်အား ၆၀ဖြင့် ထော်ကလော်ခီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု KNU က ဆိုသည်။

People's Spring
People's Spring

ဘီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ အသက် (၆၀)အရွယ် ဒေသခံအဖွားအို တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက် နံနက် ၁၀နာရီတွင် စစ်​ကောင်စီ​၏ တပ်မ (၂၂) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းသည် ကေအဲန်ယူ-ဘီးလင်းမြို့နယ် နိုဘယ်ဘော ကျေးနယ်အုပ်စု လေးခေါ့ထေ ကျေးရွာနှင့်ထော်ကလော်ခီး ကျေးရွာကြားရှိ ယာခိကလိုးတွင် အသက် (၆၀)အရွယ်ရှိ ကျေးရွာသူ နော်ခီး အား ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်က ကတိုင်တီ ကျေးရွာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ် နှင့် အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းစခန်းမှ အင်အား ၆၀ဖြင့် ထော်ကလော်ခီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု KNU က ဆိုသည်။

ထိုမှတစ်ဆင့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၇ နာရီခွဲတွင် ကြသောင်းဆိပ် ဘုန်းတော်ကြီးကျောင်း၌ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ လမ်းဆုံနှင့်တံတားများတွင် ကင်းပုန်းများချထားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။