Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘီးလင်းတွင် စစ်​ကောင်စီ၏ ခလရ(၁၀၁)တပ်ရင်းက အသက်(၆၀)အရွယ်အဘွားကို ပစ်သတ်

ထိုအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်က ကတိုင်တီ ကျေးရွာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ် နှင့် အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းစခန်းမှ အင်အား ၆၀ဖြင့် ထော်ကလော်ခီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု KNU က ဆိုသည်။

People's Spring
People's Spring

ဘီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ အသက် (၆၀)အရွယ် ဒေသခံအဖွားအို တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက် နံနက် ၁၀နာရီတွင် စစ်​ကောင်စီ​၏ တပ်မ (၂၂) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းသည် ကေအဲန်ယူ-ဘီးလင်းမြို့နယ် နိုဘယ်ဘော ကျေးနယ်အုပ်စု လေးခေါ့ထေ ကျေးရွာနှင့်ထော်ကလော်ခီး ကျေးရွာကြားရှိ ယာခိကလိုးတွင် အသက် (၆၀)အရွယ်ရှိ ကျေးရွာသူ နော်ခီး အား ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်က ကတိုင်တီ ကျေးရွာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ် နှင့် အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းစခန်းမှ အင်အား ၆၀ဖြင့် ထော်ကလော်ခီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု KNU က ဆိုသည်။

ထိုမှတစ်ဆင့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၇ နာရီခွဲတွင် ကြသောင်းဆိပ် ဘုန်းတော်ကြီးကျောင်း၌ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ လမ်းဆုံနှင့်တံတားများတွင် ကင်းပုန်းများချထားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။