အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ပြုံးရွှင်စွာကိတ်မုန့်အတူလှီး အလှူငွေကျပ်သိန်း၂၀၀ လက်ခံခဲ့သော ရန်ကုန်ကတ်သလစ်ဂုဏ်ချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို၏အကောင့်ကို တွစ်တာက ပိတ်သိမ်းလိုက်သည်။

ကာဒီနယ်ချားလ်စ်ဘိုသည် ရန်ကုန် ကတ်သလက်ဆရာကြီးကျောင်းတိုက်တွင် ဒီဇင်ဘာ ၂၃ ရက်၌ အကြမ်းဖက်စစ်ခေါင်ဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ခရစ္စမတ်ဆုမွန်တောင်ပေးခဲ့ပြီး ၊ပြုံးရွှင်စွာကိန်မုန့်အတူခွဲ၊အလှူငွေကျပ်သိန်း ၂၀၀ လက်ခံခဲ့သည်။ နိုင်ငံတစ်ဝန်း ခရစ်ယာန်ဘာသာဝင်များအပါအဝင် ပြည်သူများသတ်ဖြတ်၊ဖမ်းဆီးနှိပ်စက်ခံနေရပြီး ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ခရစ်ယာန်ဘုရား ရှင်ခိုကျောင်းများစွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးခံထားရချိန်တွင် ပြည်တွင်းမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက အကြမ်းဖက်ခေါင်းဆောင်နှင့်တွေ့ဆုံ ၍ကိတ်မုန့်အတူလှီးခဲ့ကြပုံများမှာ ခရစ်ယာန်ဘာသာဝင်များအပါအဝင်ပြည်သူများက အံသြ၊မှင်သက် ၊ဒေါသထွက် ၊စိတ်မကောင်းဖြစ်ခဲ့ကြသည်။
ထိုတွေ့ဆုံမှုအပေါ် ကက်သလစ်ဘာသာဝင်များအနေဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက်ရကြောင်း Independent Catholics For Justice in Myanmar (ICJM) ကဒီဇင်ဘာ ၂၄ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်သည်။ တွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ်ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့်ဆန့်ကျင်သည့် အတွက်ကြောင့်ဘာသာဝင်များကို ကိုယ်စားမပြုဟု ICJM က ပြတ်သားစွာဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီအား မည်သို့သော အကြောင်းပြချက်များဖြင့်ဖြစ်စေ အသိ အမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တစ်ကွ မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း ICJMက ပြောသည်။ ယခုလုပ်ရပ်သည် အကြမ်းဖက်အာဏာသိမ်းချိန်ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူများနှင့်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု ICJM က သတ်မှတ်သည်ဟု ကြေညာခဲ့သည်။

Public Service Announcement
ခရစ်ယာန်ဘာသာဝင်များ ၊ပြည်သူများက ပြင်းထန်စွာဝေဖန်ပြစ်တင်မှုများကြုံနေသောကာဒီနယ်ချားစ်ဘိုသည် အကြမ်းဖက်ခေါင်းဆောင်နှင့်တွေ့ဆုံပြီး နှစ်ရက်အကြာတွင် တွစ်တာက ၎င်း၏အကောင့်ကိုပိတ်လိုက်ခြင်းဖြစ်သည်။


















































