Connect with us

Hi, what are you looking for?

News

လေးကေကော်မှာ လေကြောင်းပစ်ခတ်မှုတွေကြောင့် လူ ၂၀ ထက်မနည်းဒဏ်ရာရ

ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်က လေးကေကော် ထီးမယ်ဝါးခီး ဖလူးကြီးကို စစ်ကောင်စီလေယာဉ်နှစ်စီးက တတိယအကြိမ်အဖြစ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

လေးကေကော်မြို့ကို ဒီကနေ့ မွန်းလွဲပိုင်းအချိန်က အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထံကနေ သိရပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်က လေးကေကော် ထီးမယ်ဝါးခီး ဖလူးကြီးကို စစ်ကောင်စီလေယာဉ်နှစ်စီးက တတိယအကြိမ်အဖြစ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

“ဒီနေ့ လေယာဉ်နှစ်စီး လာပစ်ချတာပေါ့။ ပစ်ချတော့ ထိခိုက်မှုရှိတယ်။ အိမ်တွေဘာတွေလည်း ထိခိုက်မှုရှိတာပေါ့နော်။ လောလောဆယ် အိမ်ဘယ်နှစ်လုံးလည်းဆိုတာတော့ အတိအကျမသိရသေးဘူး။ အဓိက လေးကေကော်ကိုပဲ ပစ်မှတ်ထားတာပေါ့နော်။ ဒါပေမဲ့ လေးကေကော်အောက်ရွာဖြစ်တဲ့ ထီးမယ်၊ ဝါးခီး၊ ဖလူးကြီးရယ် အဲ့ဒီမှာ အဓိကထိတယ်။ လေယာဉ်ကလာနေတုန်းပဲ ခုဏအထိက” လို့ စောနန္ဒဆူးက ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လေးကေကော်၊ သေ့ဘောဘိုးစတဲ့ ဒေသဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့သလို ထိုင်းဘက်ကိုလည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သေးလို့ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။