Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုထွေအုပ်ရုံးဝန်ထမ်းကို KDFက ဖမ်းပြီး ကရင်နီရဲတပ်ဖွဲ့ထံအပ်နှံ

ကရင်နီဒီမိုကရက်တစ်တပ်ဦးသည် ပြည်သူလူထုများကို ကာကွယ်ရန်နှင့် အခြားသော မဟာမိတ်အဖွဲ့အစည်းများဖြင့် ဖက်ဒရယ် ပြည်ထောင်စုပေါ် ပေါက်သည်အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားဟုလည်း အသိပေးသည်။

စစ်ကောင်စီအားပေးထောက်ခံ၍ ဒီး​မော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်သော ဦးအောင်မိုးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ထံသို့ အပ်နှံခဲ့သည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့ ထုတ်ပြန်သည်။

ဦးအောင်မိုးကို ဒီဇင်ဘာ ၂၅ရက် ည ၈နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၆ရက်) တွင် KSP ထံသို့ လွှဲပြောင်းခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦးက ဆိုသည်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)သည် လူ့အခွင့်အရေးဆိုင်ရာ မှုဝါဒများကို နားလည်းထားပြီး NUG မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်နာလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုဝင်ဘာ ၂၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေးဒလန်ဆိုသည့်အမျိုးသမီးတစ်ဦးကို KDFက ဖမ်းဆီးခဲ့ပြီး KSPထံ လွှဲအပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်နီဒီမိုကရက်တစ်တပ်ဦးသည် ပြည်သူလူထုများကို ကာကွယ်ရန်နှင့် အခြားသော မဟာမိတ်အဖွဲ့အစည်းများဖြင့် ဖက်ဒရယ် ပြည်ထောင်စုပေါ် ပေါက်သည်အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားဟုလည်း အသိပေးသည်။

လက်ရှိတွင် KDF မှ ကရင်နီတပ်မတော်နှင့်အတူ ကယားပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ကို ခုခံစစ်ဆင်နွှဲရာ၌ ပူးပေါင်းတိုက်ခိုက်နေသည်ဟုလည်း ကြေညာထားသည်။

ဓာတ်ပုံ – KDF

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။