စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ်ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၎င်း၏နာရေးအား ပြည်သူများပါလိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဒီဇင်ဘာ ၂၃ ရက်က ပုလဲမြို့နယ် ကံပေါက်၊ ဖိုကုန်းညောင်ကုန်း၊ မကျီးခွရွာကြား တိုက်ပွဲတွင် ကျားသစ်နက်အဖွဲ့မှ PDFရဲဘော်တစ်ဦး ဖြစ်သူ အသက်၁၉နှစ် ရဲဘော် ကိုနေဇင်သည် လေကြောင်းမှပစ်ခတ်သည့် လက်နက်ကြီးအဆံ ထိမှန် သေဆုံးခဲ့ကြောင်း ဒေသတွင်း Pale Entertainment စာမျက်နှာက ဖော်ပြသည်။
“ရဲဘော်နေဇင် ရဲ့ ရုပ်အလောင်းကို ဒီနေ့မှ ရှာတွေ့ခဲ့တာဗျာ။ ကျားသစ်နက်အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ များစွာ ဝမ်းနည်းရပါတယ်။ရဲဘော်နေဇင် လိုချင်တဲ့ အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်သည်အထိ ကျွန်တော်တိုတိုက်ပွဲဝင်သွားမှာပါ”ဟု ကျားသစ်နက် အဖွဲ့ တာဝန်ရှိသူတစ်ဦးက Pale Entertainment သို့ဖြေကြားထားသည်။

အခြားသတင်းတစ်ရပ်တွင်စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၌ ဒေသတွင်း PDFအဖွဲ့အသီးသီးက နယ်မြေအလိုက် ခုခံတော်လှန်နေကြရာ ယမန်နေ့ (ဒီဇင်ဘာ ၂၆ ရက်) နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၂၀ ခန့်ရှိ ခြေလျင် စစ်ကြောင်းကို ပုလဲမြို့နယ်သာယာကုန်းရွာ အနောက်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး အများအပြားဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ထုတ်ပြန်ထားသည်။

Public Service Announcement




















































