Connect with us

Hi, what are you looking for?

သတင်း

သရုပ်ဆောင်ရဲတိုက် အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

စုစုပေါင်း ထောင်ဒဏ် ၁၃နှစ်အထိ ချမှတ်ခံထားရ

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အနောက်ပိုင်းခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်သည်။

“အနောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ အမိန့်ချတာအလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆယ်နှစ်။အယူခံဝင်သွားမယ်။ “ဟု ဆာတိုရီထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း ယနေ့ ရုံးချိန်း၌ စိတ်လှုပ်ရှားနေသောကြောင့် သုံးခါအန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

ထို့နောက်ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပြစ်မှုဟောင်းကို ထပ်မံကျူးလွန်သည်ဟုဆိုကာ ပုဒ်မ ၂၃ ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ရဲတိုက်သည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့်အတူပါဝင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် မတရား တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

Facebook