Connect with us

Hi, what are you looking for?

သတင်း

သရုပ်ဆောင်ရဲတိုက် အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

စုစုပေါင်း ထောင်ဒဏ် ၁၃နှစ်အထိ ချမှတ်ခံထားရ

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အနောက်ပိုင်းခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်သည်။

“အနောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ အမိန့်ချတာအလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆယ်နှစ်။အယူခံဝင်သွားမယ်။ “ဟု ဆာတိုရီထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း ယနေ့ ရုံးချိန်း၌ စိတ်လှုပ်ရှားနေသောကြောင့် သုံးခါအန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

ထို့နောက်ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပြစ်မှုဟောင်းကို ထပ်မံကျူးလွန်သည်ဟုဆိုကာ ပုဒ်မ ၂၃ ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ရဲတိုက်သည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့်အတူပါဝင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် မတရား တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ

ယူကရိန်း မိသားစု တစ်ခုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရုရှား စစ်သား နှစ်ယောက်ကို ရုရှား တရားရုံးက ထောင်ဒဏ်တစ်သက် စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီဟာအကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် ခံထားရတဲ့ Dawei Watch ရဲ့သတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အွန်လိုင်း သတင်းဌာန Dawei Watchရဲ့ သတင်းထောက် ကိုမျိုးမြင့်ဦးကို စစ်ခုံရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တွေနဲ့...

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။