Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၏ လက်နက်များနှင့် စစ်ကားတစ်စီးကို KIA သိမ်းဆည်း

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေ ရှဒူးဇွပ်ရွာအနီး လမ်းဆုံ၌ ဒီဇင်ဘာ ၂၇ရက် နံနက် ၁၀နာရီကျော်အချိန်၌ KIAနှင့် စစ်ကောင်စီ လက်ပါးစေပြည်သူ့စစ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွတ်ရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့၍ လက်နက်၊ စစ်အသုံးအဆောက်နှင့် စစ်ကားတစ်စီးကို ဖမ်းဆီးသိမ်းယူခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေ ရှဒူးဇွပ်ရွာအနီး လမ်းဆုံ၌ ဒီဇင်ဘာ ၂၇ရက် နံနက် ၁၀နာရီကျော်အချိန်၌ KIAနှင့် စစ်ကောင်စီ လက်ပါးစေပြည်သူ့စစ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ပြည်သူ့စစ်များ KIA နယ်မြေ စခန်းသို့ တိုးချဲ့ဝင်လာ၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်များ၏ လက်နက်၊ စစ်အသုံးအဆောင် X4Wစစ်ကားတစ်စီးကိုလည်း ဖမ်းဆီးသိမ်းယူခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက ဖော်ပြသည်။

KIAအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးကောင်းမြို့နယ် ဆားမှော်ဒေသ ကညှင်မြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခမရ (၃၈၃) တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက် မှုရှိခဲ့ပြီး စစ်လက်နက်အသုံးအဆောင်များ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။