Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၏ လက်နက်များနှင့် စစ်ကားတစ်စီးကို KIA သိမ်းဆည်း

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေ ရှဒူးဇွပ်ရွာအနီး လမ်းဆုံ၌ ဒီဇင်ဘာ ၂၇ရက် နံနက် ၁၀နာရီကျော်အချိန်၌ KIAနှင့် စစ်ကောင်စီ လက်ပါးစေပြည်သူ့စစ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွတ်ရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့၍ လက်နက်၊ စစ်အသုံးအဆောက်နှင့် စစ်ကားတစ်စီးကို ဖမ်းဆီးသိမ်းယူခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေ ရှဒူးဇွပ်ရွာအနီး လမ်းဆုံ၌ ဒီဇင်ဘာ ၂၇ရက် နံနက် ၁၀နာရီကျော်အချိန်၌ KIAနှင့် စစ်ကောင်စီ လက်ပါးစေပြည်သူ့စစ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ပြည်သူ့စစ်များ KIA နယ်မြေ စခန်းသို့ တိုးချဲ့ဝင်လာ၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်များ၏ လက်နက်၊ စစ်အသုံးအဆောင် X4Wစစ်ကားတစ်စီးကိုလည်း ဖမ်းဆီးသိမ်းယူခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက ဖော်ပြသည်။

KIAအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးကောင်းမြို့နယ် ဆားမှော်ဒေသ ကညှင်မြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခမရ (၃၈၃) တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက် မှုရှိခဲ့ပြီး စစ်လက်နက်အသုံးအဆောင်များ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။