Connect with us

Hi, what are you looking for?

News

စစ်တပ်၏ ထပ်တလဲလဲရက်စက်ယုတ်မာမှုများကို တားဆီးရေး ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံတကာကို ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

တချိန်တည်းတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းပြီးဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရရှိရေးအတွက် စစ်တပ်ကို ဆက်လက်ဖိအားပေးသွားမည်ဟု ဝန်ကြီးဘလင်ကန်က ထပ်လောင်း ပြောကြားသည်။

▪️မြန်မာစစ်တပ်တာဝန်ခံမှုရှိစေရေး မိတ်ဖက်နှင့် မဟာမိတ်နိုင်ငံများနှင့်အတူ ဆက် လက်လုပ်ဆောင်မည်ဟု ဆို

မြန်မာနိုင်ငံ၌ ထပ်တလဲလဲဖြစ်ပေါ်နေသော စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို တားဆီးနိုင် ရေး နိုင်ငံတကာအသိုင်းအဝန်းက ယခုထက်ပိုမိုတိုးမြှင့်လုပ်ဆောင်ရမည်ဟု အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က တိုက်တွန်းလိုက်သည်။

ကယားပြည်နယ်၌ အမျိုးသမီး၊ ကလေးငယ်များနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children ရုံးဝန်ထမ်းနှစ်ဦးအပါအဝင် အနည်းဆုံး အပြစ်မဲ့ပြည်သူ ၃၅ ဦး ကို မြန်မာစစ်တပ်က သတ်ဖြတ်တိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံ ခြားရေးဘလင်ကန်က ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အပြစ်မဲ့ပြည်သူတွေနဲ့ လူသားချင်းစာနာမှုလုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။ နောက်ပြီး မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ကျယ်ပြန့်လာတဲ့ရက်စက်ယုတ်မာမှုတွေက တာဝန်ရှိတဲ့တပ်ဖွဲ့ဝင်တွေ တာဝန်ခံမှုရှိဖို့ အရေးကြီးနေပြီဆိုတာကို မီးမောင်းထိုးပြနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်များနှင့် နည်းပညာ ရောင်းချမှု ရပ်တန့်ခြင်းအပါအဝင် မြန်မာနိုင်ငံတွင် ထပ်တလဲလဲဖြစ်နေသော ရက်စက်ယုတ်မာမှုများကို တားဆီးရေးနှင့် လက်နက်ပိတ်ပင်ရေးရည်မှန်းချက်တိုးမြှင့်လုပ်ဆောင်ရေး ပိုမိုလုပ်ဆောင်ရ မည်ဟု ဝန်ကြီးဘလင်ကန်က တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစ၍ အမေရိကန်သည် မြန်မာစစ်တပ်ခေါင်းဆောင် များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာအကျိုးစီးပွားများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့သည်။

ထို့အပြင် အမေရိကန်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားကို ထောက်ပံ့အားပေးခြင်းအပါအဝင် မြန်မာစစ်တပ်တာဝန်ခံမှုရှိစေရေး တိုးမြှင့်ရန် မိတ် ဖက်နှင့် မဟာမိတ်နိုင်ငံများနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းပြီးဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရရှိရေးအတွက် စစ်တပ်ကို ဆက်လက်ဖိအားပေးသွားမည်ဟု ဝန်ကြီးဘလင်ကန်က ထပ်လောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။