Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများထပ်တိုးလုပ်ဆောင်ရန် နိုင်ငံတကာကို RSF တောင်းဆို

ဖက်ဒရယ်သတင်းဂျာနယ်အယ်ဒီတာ အေစိုင်းကေ ခေါ် ကိုစိုင်းဝင်းအောင်သည် လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သော ဒုတိယမြောက် သတင်းသမားဖြစ်သည်။

(အလွတ်တန်းဓာတ်ပုံသတင်းသမား ကိုစိုးနိုင်)

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများထပ်တိုးလုပ်ဆောင်ရန် နယ်စည်းမခြားသတင်းထောက်များ(RSF) က ဒီဇင်ဘာ ၂၈ ရက်တွင် တောင်းဆိုထုတ်ပြန် သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်တွင် ကရင်ပြည်နယ်အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်များအရေးသတင်းရယူနေသည့် သတင်းသမားတစ်ဦးကို ထိုင်းနယ်စပ်အနီး မြန်မာစစ်တပ်က လက်နက်ကြီးဖြင့်တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် RSF က တောင်းဆိုထုတ်ပြန်ခြင်းဖြစ်သည်။

(ဖက်ဒရယ်သတင်းဂျာနယ်အယ်ဒီတာ အေစိုင်းကေ)

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်ကတည်းက စစ်တပ်က မြန်မာပြည်သူတွေအပေါ် ဘေးဒုက္ခရောက်စေခဲ့တဲ့ အကြမ်းဖက်မှုတွေကို သူ့နိုင်ငံသားတွေ သိရှိစေဖို့ စိုင်းဝင်းအောင်က သန္နိဌာန်ခိုင်မာစွာ သူ့ဘ၀နဲ့ရင်းပြီး သတင်းတွေ တင်ဆက်ခဲ့ပါတယ်”ဟု RSF အာရှ-ပစိဖိတ် ဌာနအကြီးအကဲ ဒန်နီရယ်ဘက်စတက်ဒ်က ပြောသည်။

ဖက်ဒရယ်သတင်းဂျာနယ်အယ်ဒီတာ အေစိုင်းကေ ခေါ် ကိုစိုင်းဝင်းအောင်သည် လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သော ဒုတိယမြောက် သတင်းသမားဖြစ်သည်။

Public Service Announcement

Public Service Announcement

အလွတ်တန်းဓာတ်ပုံသတင်းသမား ကိုစိုးနိုင်သည် စစ်ကောင်စီလက်ထဲတွင် ပထမဆုံးသေဆုံးခဲ့သည့် သတင်းသမားဖြစ်ပြီး ဒီဇင်ဘာ ၁၀ရက်တွင် မှတ်တမ်းဓာတ်ပုံရယူနေစဉ် ဖမ်းဆီးခံရကာ စစ်ကြောရေးအတွင်း ရရှိသော ဆိုးရွားဒဏ်ရာများဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင် သေဆုံးခဲ့သည်။

RSF ၏ အစီရင်ခံစာအရ ၂၀၂၁ တွင် တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် သတင်းသမားဖမ်းဆီးထိန်းသိမ်းမှုအများဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက သတင်းသမားဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း အနည်းဆုံး သတင်းသမား ၅၇ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

၂၀၂၁ အစောပိုင်းတွင် RSFက ထုတ်ပြန်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်း၌ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၄၀ ၌ ရပ်တည်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။