Connect with us

Hi, what are you looking for?

News

ကယားပြည်နယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၄ ရက်တွင် ကယား ပြည်နယ်၌ အပြစ်မဲ့ပြည်သူများကို အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယနေ့(ဒီဇင်ဘာ ၂၉)တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(မီးရှို့အသတ်ခံရမှု​ကြောင့် ​သေဆုံးသူများအား သဂြိုလ်​ရန် ပြင်ဆင်နေသည်ကို ယ​နေ့​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️မြန်မာပြည်သူများကို အားပေးထောက်ခံမည်ဟု ကောင်စီအဖွဲ့ဝင်များ ထပ်လောင်းအတည်ပြု

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကယားပြည်နယ်၌ ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်း ၂ ဦးအပါအဝင် အနည်းဆုံး ပြည်သူ ၃၅ ဦး သတ်ဖြတ်ခံရခြင်းကို ရှုတ်ချ ပြစ်တင်လိုက်ပြီး အဆိုပါလုပ်ရပ်အတွက် တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း အလေးထားပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၄ ရက်တွင် ကယား ပြည်နယ်၌ အပြစ်မဲ့ပြည်သူများကို အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယနေ့(ဒီဇင်ဘာ ၂၉)တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး လူ့အခွင့်အရေးကို လေးစားမှုရှိရန် အရေးကြီးကြောင်းနှင့် အရပ်သားများ၏ လုံခြုံရေးကို အာမခံမှုရှိရန်တို့ကို အလေးပေးပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများလိုအပ်သော လူသားချင်းစာနာမှုရပိုင်ခွင့်များကို အတားအဆီးမရှိဘဲ လုံခြုံစွာ ပေးအပ်ရန်၊ ကျန်းမာရေးဝန်ထမ်းများကို အပြည့်အ၀အကာ အကွယ်ပေးရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာမှုလုံခြုံရေး စသည်တို့ပေးအပ်ရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများက တောင်းဆို သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာပြည်သူများအတွက် ၎င်းတို့၏ အားပေး ထောက်ခံမှုနှင့် နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထပ်လောင်းအတည်ပြုခဲ့ပြီး အချုပ် အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ ပိုက်နက်နယ်မြေခိုင်မြဲရေးနှင့် ညီညွတ်မှုတို့အတွက် ၎င်းတို့၏ ခိုင်မာသော ကတိ ကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။

နော်ဝေအစိုးရကလည်း ကယားပြည်နယ်၌ မြန်မာစစ်တပ်၏ တိုက်ခိုက်အကြမ်းဖက်ယုတ်မာ မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း သီးခြားသတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

Facebook