Connect with us

Hi, what are you looking for?

News

အရာ​တော်ရဲစခန်းရှိ အမျိုးသမီးများ ယူနီ​ဖောင်းဝတ်ပြီး ​သေနတ်ပစ်​လေ့ကျင့်​နေဟု ​ဒေသခံများ​ပြော

“အရှေ့တပ် စက်ပစ်ကွင်းထဲက လက်နက်ငယ်သင်တန်း မှာ ရဲမိန်းမတွေနဲ့ စစ်သားမိန်းမတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေကြတာ”ဟု အရာတော်မြို့နေသူတစ်ဦးက ပြောသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း အရာတော်ရဲစခန်းရှိ အမျိုးသမီးများ ယူနီဖောင်းဝတ်ပြီး စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း(၁၀)တွင် သေနတ်ပစ်​​လေ့ကျင့်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၃၀ရက်) နံနက်ပိုင်းက အရာတော်ရဲစခန်းမှ ကားတစ်စီးပေါ်တွင် အမျိုးသမီးများလိုက်ပါလျက် အရပ်ခေါ် အရှေ့တပ် (စခတ၁၀)သို့ ဝင်ရောက်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ​ပြောသည်။

“အရှေ့တပ် စက်ပစ်ကွင်းထဲက လက်နက်ငယ်သင်တန်း မှာ ရဲမိန်းမတွေနဲ့ စစ်သားမိန်းမတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေကြတာ”ဟု အရာတော်မြို့နေသူတစ်ဦးက ပြောသည်။

နေ့စဥ် နံနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ ခန့်နှင့် ညနေ ၄ နာရီ မှ ၆ နာရီ ကြားတွင် အရှေ့တပ်စက်ပစ်ကွင်းမှ သေနတ်ပစ်ခတ်သံများ ကြားရသည်ဟုလည်း အရာတော်မြို့ခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစစ်မျက်နှာစာတွင် အင်အားအလွန်အကျွံသုံးစွဲ နေရသဖြင့် နောက်တန်းတွင် စစ်သားနှင့် ရဲများ၏ အမျိုးသမီးများကို လုံခြုံရေးရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုမှ ဗိုလ်ပေါက်စီက သုံးသပ်သည်။

မကြာသေးမီရက်ပိုင်းကလည်း မြန်မာတစ်နိုင်ငံလုံးရှိ မီးသတ်တပ်ဖွဲ့၏ မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီက စာရင်းကောက်ယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

Facebook