Connect with us

Hi, what are you looking for?

News

မကွေးဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင် ၁၈နှစ် ထပ်မံ ချမှတ်

ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၅၀၅- ခနှင့် ထောင်ဒဏ်များချမှတ်ခဲ့ပြီးနောက် ယနေ့တွင် မတရားစွဲဆိုထားသည့် အဂတိမှု ​ခြောက်မှုကို တစ်မှုလျင် ထောင်ဒဏ် သုံးနှစ်စီဖြင့် စုစုပေါင်း ၁၈နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၁၈နှစ်ထပ်မံ ချမှတ်လိုက်ကြောင်း ဝန်ကြီးချုပ်နှင့်နီးစပ်သူ မကွေးဒေသခံတစ်ဦးက ပြေသည်။

ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၅၀၅- ခနှင့် ထောင်ဒဏ်များချမှတ်ခဲ့ပြီးနောက် ယနေ့တွင် မတရားစွဲဆိုထားသည့် အဂတိမှု ​ခြောက်မှုကို တစ်မှုလျင် ထောင်ဒဏ် သုံးနှစ်စီဖြင့် စုစုပေါင်း ၁၈နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုမနက်ပိုင်းမှာ အမိန့်ချလိုက်တာ။ နောက်ထပ်လည်း မဲမသမာမူ နဲ့ သဘာ၀ဘေးစီမံ နှစ်မှုကျန်သေးတယ်“ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီက မကွေးတိုင်းအတွင်းရှိ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို အကြောင်းရှာပြီး အဂတိမှုများဖြင့် တရားစွဲဆိုထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ဝန်ကြီးချုပ်က သူရတဲ့ နိုင်ငံတော် ထောက်ပံ့ငွေသိန်း ၃၀ ရတာကို လစဉ် လစဉ်မရှိဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ ၊ မရှိဆင်းရဲတဲ့သူတွေကို ထောက်ပံ့နေတာ။ ဟိုလူ့ပေး ဒီလူ့ပေးပဲ” ဟု မကွေးဒေသခံက ပြောသည်။ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အဂတိလိုက်စားမှု ရှိ၊မရှိ ကို ဝန်ကြီးချုပ်၏ ပိုင်ဆိုင်မှုကို လိုက်စုံစမ်းနိုင်ကြောင်း ၎င်း က ဆိုသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အစိုးရခေါင်းဆောင်များ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဒီချုပ်အမတ်များနှင့် ပါတီဝင်များ၊ အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲ ဆို ပြစ်ဒဏ်ချမှတ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။