Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးအနီးတဝိုက် ပေါက်ကွဲမှု သုံးကြိမ်ထက်မနည်းဖြစ်

ကမ္ဘောဒီးယားသံရုံးအနီး ပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး သံရုံးအနီးဖြစ်၍ လူများထိခိုက်မှုမရှိစေရန် ရှောင်ရှား ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်အတွက် ‘ဟဟ’ စာရွက်များပြန့်ကြဲခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးအနီး နှင့် တက္ကသိုလ်ရိပ်သာလမ်းသစ်ပေါ်တွင် ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့်နားရှိ လမ်းလယ်ကျွန်းတွင်ထားရှိသည့် ဗုံးကို စစ်ကောင်စီတပ်က စစ်ဆေးချိန်တွင် ပေါက်ကွဲမှု တစ်ကြိမ် စတင်ဖြစ်ပွားခဲ့သည်။

“ဗုံးကိုစစ်ဆေးဖို့သွားတဲ့ ပတ်စပို့စ်ရုံးက ရဲခွေးနှစ်ယောက် ထိတယ်ပြောတယ်။အဲဒီ ပေါက်ကွဲမှုပြီးတော့ အသံ အကျယ်ကြီးပဲ။ ငါးမိနစ်၊ဆယ်မိနစ်လောက်ပဲ ခြားတယ် နှစ်လုံးထပ်ပေါက်တယ်”ဟု ဗဟန်းမြို့နေသူတစ်ဦးက ပြောသည်။

ထို့နောက် ကမ္ဘောဒီးယားသံရုံးအနီး ပေါက်ကွဲမှုဖြစ်စဥ်တွင် အထိအခိုက်အပျက်အစီး မသိရသေးသော်လည်း လာရောက် စစ်ဆေးသည့် စစ်ကောင်စီယာဥ်နှစ်စီးကို ပစ်မှတ်ထား၍ နောက်တစ်ကြိမ်ဖောက်ခွဲမှုရှိခဲ့ကြောင်း လည်း သိရသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားသံရုံးအနီး ပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး သံရုံးအနီးဖြစ်၍ လူများထိခိုက်မှုမရှိစေရန် ရှောင်ရှား ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်အတွက် ‘ဟဟ’ စာရွက်များပြန့်ကြဲခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သာကေတ၊မရမ်းကုန်း(သမိုင်းလမ်းဆုံ) နှင့် ရွှေပြည်သာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

Facebook